..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๓๑/๓/๕๒

လရောင်မလင်းတဲ့ကောင်းကင်

(၁)
ဒူးနားတွင် ၀ဲနေသောဂါဝန်အပြာရောင်၊ စပို့ရှပ်အင်္ကျီအပြာရောင်နုနုနှင့် သူမကို အမှတ်မထင်ကြည်မိရာမှ မိုးထက် ချစ်မိသွားသည်။ ထိုနေ့က မိုးထက်အတွက် ပျော်ရွှင်စရာကောင်းတဲ့နေ့ကလေး တစ်နေ့ဖြစ်သလို နှလုံးသားတွင်လည်း သူမကြောင့် ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ ခံစားမှုလေးတွေ ဖြစ်ပေါ်နေမိသည်။ ဒါဟာ အချစ်လား။ အကြင်နာလား။ မတွေ့ရရင် တစ်ခုခုလိုနေတတ်တာဟာ အလွမ်းတွေလားဆိုတာ စိတ်ထဲက မဝေခွဲတတ်အောင်ပါပဲ။ အားလုံးကို ကျော့ခိုင်းသင့်ပေမဲ့ မစွန့်လွှတ်နိုင်တာ ကိုယ့်အတွက် မင်းဟာ တပ်မက်မှုတွေမဟုတ်ဘဲ သံယောဇဉ်တွေလားကွယ်။ ရာသီစက်ဝန်း တရွေ့ရွေ့လည်နေပေမဲ့ ပန်းဆိုတဲ့ မင်းတစ်ယောက်ကြောင့် နွေ၊မိုး၊ဆောင် ရာသီတွေ မခွဲတတ်အောင်
ကိုယ်ရှူးသွပ်ခဲ့ပါသည်။
(၂)
မြွေတစ်ကောင် အကိုက်ခံထားရသလို အဆိပ်တွေ မတက်တော့မဲ့ ပြာနေတဲ့ မျက်လုံးတွေထဲ ပန်းရဲ့ မျက်နှာလေးဟာ စက်ဝိုင်းပုံစံ ပြည့်နေတဲ့ လတစ်စင်းလို မြင်နေမိတယ်။ အကြိမ်ကြိမ် အခါအခါ ဆုံးရှူံးရပေမဲ့ အချစ်ဆိုတဲ့ ၀ိညာဉ်လေးကတော့ ကိုယ့်ရဲ့သံယောဇဉ်ကြိုးလေးနဲ့သီပြီး လည်ပင်းမှာ အစဉ်ထာဝရ ဆွဲထားပါမယ်။ အချစ်အတွက် အမှောင်နဲ့အလင်း သဲသဲကွဲကွဲ မမြင်နိုင်တော့တဲ့ ဘ၀မှာ တခါတလေ မိုက်ရှူးရဲဆန်ချင်ပေမဲ့ ရင်ကျက်လာတဲ့ အသက်ကလေးတွေကြောင့် တည်ငြိမ်နေတဲ့ ရေပြင်တစ်ခုလို ရုတ်တရတ် ခဲတစ်လုံးကျလာပေမဲ့ လှိုင်းအကြီးကြီးတော့ ထမလာနိုင်ပါဘူး။

ไม่มีความคิดเห็น:

แสดงความคิดเห็น