..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๓๑/๓/๕๒

နားလည်ပေးပါ ချစ်သူ

နားလည်ပေးပါ ချစ်သူ
ငါ့ပင်လယ်ပြင် အရင်လို မုန်တိုင်း မထန်တော့ပေမဲ့
တခါတရံ လှိုင်းငယ်လေးတော့ ရှိနေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ပင်လယ်ပြင်ကြီးလောက်လေ
ငါ့ကောင်းကင်တခွင် အရင်လို တိမ်ညိုတွေ မည်းမနေတော့ပေမဲ့
တခါတရံ အုံ့မှိုင်းမှိုင်းတော့ ရှိနေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ကောင်းကင်ကြီးလောက်လေ
ငါ့နှလုံးခုန်သံ အရင်လို ရစ်သမ်ပြောင်းဆန်မနေတော့ပေမဲ့
တခါတရံ စည်းချက်လွတ်နေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ နှလုံးခုန်သံနဲ့ အညီလေ
ငါ့ရင်ထဲက ဒဏ်ရာ အရင်လို အနာမရင်းတော့ပေမဲ့
တခါတရံ ဒဏ်ရာဟောင်းက ပြန်နာဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ဒဏ်ရာတွေ ဗရပွနဲ့လေ
နင်မချစ်တဲ့ ... ငါ့ကို
နင်မြင်အောင် မကြည့်ခဲ့တဲ့ ... ငါ့နှလုံးသားကို
နင်မ၀င်ခဲ့တဲ့ ... ငါ့ဘ၀ကို
နင့်နှလုံးသား တနေရာမှာ သိမ်းဆည်းပေးပါ

နားလည်ပေးပါ ချစ်သူ
နင်သိမ်းဆည်းထားရုံနဲ့ ကျေနပ်နေမဲ့ ... ငါလေ ။ ။

ไม่มีความคิดเห็น:

แสดงความคิดเห็น