..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๓๑/๓/๕๒

ချစ်သူသိရန်မလိုသော အခြားတစ်ဖက်

အချိန်တန်ရင် အိမ်ပြန်မယ်
မင်း ပြောမထွက်တဲ့ စကား
အလိုလို နားလည်ထားပေမယ့်
ခဏလေးများစွာ ကြင်နာတာကို
သာယာရင်း ယစ်မူး
မေ့လျော့ကြည်နူးခြင်းနဲ့ ငါ့ကမ္ဘာ
လှပတာ လွန်လွန်းတယ် . . .။
ယတြာချေလို့မပျောက်တဲ့
နောက်ကျခြင်းကြောင့်
အနာဂတ်ဆိုတာ ၀င်လာခွင့်မရှိတဲ့အရာ
ဒီချစ်ခြင်းမှာ ရင်နာစွာ
ကြိုရွာတဲ့ အလွမ်းတွေနဲ့
ပစ္စုပ္ပန်တွေ ငါ့အတွက် အဖိုးတန်ခဲ့တယ် . . . ။

ကျီစားတာလွန်တဲ့ ကံတရားကို
ရန်စကား မဆိုဖြစ်လောက်အောင်
တွဲထားမိတဲ့ လက်တစ်စုံကို မက်မော
အတူရှိတဲ့ ခနတိုင်းကို နှမြောရင်း
မင်းမရှိဘူး ဆိုတဲ့ အိပ်မက်မျိုးမှာ
ယောင်ချာချာ ငါရူးဖူးတယ် . . . .

မနက်ဖြန်ဆိုတာ ရှိပေမယ့်
ချစ်ခွင့်မရှိတဲ့ မနက်ဖြန်တွေဖြစ်မှာ စိတ်မော
ဒီလိုနဲ့ . . . .
ငါ့ညတွေ သေငယ်ဇောနဲ့မြောခဲ့ပြန်တယ် . . . ။ ။

ไม่มีความคิดเห็น:

แสดงความคิดเห็น