..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๒๖/๔/๕๒

Mouse မရှိတဲ့ အခါ

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲသို့ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေး ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။ Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။ နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်၊ ပြီးရင် check box ကို ပြန်ပြီးတော့ ဖြုတ်၊ Apply – ok လို. ပြော။

Run သွားလို.ရတဲနေရာလေး

၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။
၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel ထဲကိုသွားတာ။
၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။
၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။
၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။
၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။
၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။
၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။
၉။ calc ဆိုတာက ဂဏန်းပေါင်းစက်
၁၀။ cmd ဆိုတာက Command Box
၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို
၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ
၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင် ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။
Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။
၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။
၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။
၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.
၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။
၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။
၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။
၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက်

ရှိသေးတယ် နောက်မှဆက်ရေးတော့မယ်

“ Search,Run,..” ဖြောက်ထားချင်ရင်

Run.... မှတဆင့် Regedit ကိုဖွင့်ပြီး

HKEY-CURRENT-USER\Software\Microsoft\Windows\Current Version\Policies\Explorer အထိရောက် အောင်သွားပါ။ ထို့နောက် “ Explorer ” ပေါ်ကို မောက်စ်ညာဘက် ကလစ် လုပ်ပြီးပေါ်လာတဲ့ pop-up menu ကနေ New DWORD Value ကိုဖွင့်ပါ ထိုအခါ ညာဘက် မြင်ကွင်းတွင် New Value#1 အကွက် အသစ်တစ်ခုပေါ်လာမည်။ ထိုအကွက်ထဲတွင် NoFind ဟုရိုက်ထည့်လိုက်ပါ။

ထို့နောက် ရိုက်ထည့်ပြီးသည့် အဆိုပါ စာတန်းပေါ်ကို မောက်စ်နဲ့ ညာကလစ်လုပ်လိုက်ရင် Modify ဆိုပြီး ပေါ်လာပါမည်။ ၄င်း Modify ကိုထပ်မံဖွင့်ပြီး ပေါ်လာသည့် Edit DWORD Value ဘောက်တွင် Hexade cimal ကိုရွေးချယ်ပြီး Value data တွင် “ 1” ပြောင်းလိုက်ပါ။ ထို့နောက် OK ခလုပ်ကို နှိပ်ပြီး ကွန်ပြူတာကို (Restart) ပြန်မောင်းလိုက်ပါ။ Start (menu) တွင် Search ကိုတွေ့ရမည်မဟုတ်ပါ။

ထိုနည်း ၄င်းပဲ Run ကိုဖြောက်ထားချင်ရင်လဲ NoFind ရဲ့နေရာတွင် NoRun

Help ကိုဖြောက်ထားချင်ရင်လဲ NoFind ရဲ့နေရာတွင် SMHelp

Start ထဲက All Programs ကိုဖြောက်ထားချင်ရင်လဲ NoFind ရဲ့နေရာတွင် NoStartMenuMorePrograms လို့ရိုက်ထည့်ပြီး ဖြောက်ထားလို့ရပါတယ်.......။



မဖြောက်ချင်လို့ ပြန်ပေါ်စေချင်ရင်တော့ Run မှတဆင့် သွားသည့်အတိုင်းသွား၍ ယခင်က New ခေါ်ထားတဲ့ Nofind ,NoRun အစရှိသဖြင့်တို့ကို မောက်စ်ဖြင့် ညာကလစ်လုပ်ပြီး Delete လုပ်လိုက် ပြီး Restart ပြန်လုပ်လိုက်ရင် ပြန်ပေါ်လာပါမည်။

လွမ်းတယ်

လွမ်းတယ်……….
ဆီမီးလေးတွေ လှုပ်ခတ်သွားတဲ့အခါ
ထင်းရှုးကိုင်းတွေ ကြွေကျသွားတဲ့အခါ
ငှက်ကလေး တစ်ကောင် ပျံထွက်သွားတဲ့အခါ..
လွမ်းတယ်….။

လွမ်းတယ်………..။
ရောင်စုံသစ်ရွက်တွေ ကြွေသွားတဲ့အခါ
တိမ်နီတွေ လွင့်သွားတဲ့အခါ
ရထားဥသြသံတွေ ပျံ့လွင့်တဲ့အခါ…..
လွမ်းတယ်…။

လွမ်းတယ်….။
ကြယ်တွေကို မင်းမျက်ဝန်းတွေနဲ့ မှားတဲ့အခါ…
ဆံနွယ်တွေ လေမလွင့်တဲ့အခါ
ပင်လယ်ပြင် တိတ်ဆိတ်စွာ ငိုညည်းတဲ့အခါ…
လွမ်းတယ်……။

မေ… လေ
မသေခင်အထိ..
မင်း ကို လွမ်းနေမယ်….

** from: အိမ့်ချမ်းမြေရဲ့ သံစဉ်မဲ့အလင်္ကာများ **

ရင်ခွင်ည

ညဟာ
အသက် မရှူနိုင်ပါဘူး...

အလွမ်း စိုစွတ်နေတဲ့ မြက်သီးတွေ
တွယ်ကပ် ငြိပါနေတဲ့ နေ့တွေက
ရင်ဝမှာ
လှလှပပကြီး စူးနစ်လို့...

ဒဏ်ရာတွေ ပွတ်သပ်ရင်း
လရောင်ဝတ်ရုံပြာ
ဖြည်းဖြည်းချင်း... သူ.. ခြုံရှာတယ်...

တမ်းတခြင်း နှင်းမှုန်တွေ
မှိုင်းအုံနေတဲ့ ကောင်းကင်နံရံမှာ
ပါးကို အသာကပ်ကြည့်တယ်...

မျက်လုံး မှေးမှိတ်ရင်း
အသက် ခပ်မျှင်းမျှင်း ရှူကြည့်တဲ့အခါ
အေးမြ အရုဏ် လေပြည်ထဲမှာ
ချစ်သူ့ ရင်ခုန်သံ ကြားတယ်...

သည်လိုနဲ့
ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်...
အလင်းရောက်လာမယ့်
ဖြူလွလွ လမ်းတလျှောက်
မိုးသောက်ကြယ် အဖော်ပြုရင်း
တေးချင်းသီကျူးမိတဲ့အခါ
ချစ်သူ့ ရနံ့တွေ ရလာပြန်တယ်...

သည့်နောက်မတော့
ညဟာ
ပျော်ရွှင်သွားတဲ့ ဟန်နဲ့
နေ့သစ်ရဲ့ မီးလျှံတွေထဲ
ရဲရဲကြီး ပြေးဝင်သွားလေရဲ့... ...

*** from ::: အောင်သာငယ် ***

သစ္စာတိုင်

တောင်တွေကို
မရွှေ့နိုင်တာ တခုထဲနဲ့ပဲ
ငါ့အရေပြားတွေ
ပဲ့ကျသွားပေါ့....။

ညီမလေးရေ့...
ချစ်ခြင်းမေတ္တာ တခုထဲနဲ့
တကမ္ဘာလုံးကို
ပင့်မထားခဲ့တာ
ငါပေါ့... ...

ဘာပဲဖြစ်ဖြစ်
နင့်ကို ချစ်တယ်..

ချစ်ကဗျာ

ချစ်သူပါးပြင်း၊ အတွင်တွင်းစီးကျ

သနပ်ခါးပကွက်၊ ပျက်ခဲ့ရရှား

ချစ်သူရဲ့အနမ်း၊ ဝေးရှာသည့်ပန်း

အနမ်းများစွာ၊ ပေးခဲ့သူးပါ။

ကြိုးမဲ့အလင်း

သံတိုင်ကြားက သား
ဘွားကနဲ ရောက်လာ
တောင်ပြာပြာကြားက သားလေး
အပြေးလေး ရောက်လာ
အမေ့ပါးကို ဘယ်ညာနမ်း
လွမ်းလိုက်ရာတာ အမေရယ်သို့....။

အမေ့ လက်ချောင်းလေးတွေနဲ့
နယ်နယ်ကျွေးတဲ့ ထမင်းသုပ်လေးကိုကြိုက်တယ်။
အမေ့ အသံအေးအေး
ချစ်ပွဲဝင် သီချင်းလေးနဲ့ လိုက်တယ်။
အမေ့ ဆံထုံးလေး
စပယ်ဖွေးဖွေးလေးနဲ့ လှတယ်။
အမေကြားတယ် အမေကြားတယ်
အမေနဲ့သား ဘယ်အရာမှ ခြားမနေဘူး။

အမေ မျော်နေမှာကို သိရက်နဲ့
အပြန်ခက်နေဆဲ သားတို့ရယ်
အမေ့ မျော်လင့်ချက်
နောက်ဆုံး ထွက်သက်ထိ
သားတို့သိတယ် သားတို့သိတယ်
အမေနဲ့သား ဘယ်အရာမှ ခြားမနေဘူး။

**ချစ်ခင် နှစ်သက်သူတွေနဲ့
ကွေကွင်းရတာလည်း ဒုက္ခ**
**ကောက်ကျစ်စဉ်းလဲသူတွေရဲ့ လက်အောက်
ရောက်နေရတာလည်း ဒုက္ခ**
တရားနဲ့ဖြေပါ အမေကြီးရယ်တဲ့
အဖေကြီးကတော့
စာအုပ်လေး ကွယ်ကွယ်ပြီး
မျက်ရည်စတွေ ဖယ်ဖယ်ချလို့။

သားတို့ရေ....
အမေ့ မျက်ဝန်းထဲ
အိပ်တန်းပြန် ငှက်ကလေးတွေကိုပဲ....။

မ နဲ့မောင်

(၁)

(က) အိမ်ထောင်ကျစ
မ ။ ။ တင်းနေအောင် ဖက်မထားနဲ့လေမောင် မအသက်ရှူလို့မ၀တော့ဘူး။
မောင်။ ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါမရယ်။

နှစ်အတန်ကြာသော်
မ ။ ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။ ။ ဖက်ပြီးအိပ်ရင် အသက်ရှူလို့မ၀ဘူးဆိုတာ မသိဘူးလား။

(ခ) ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်ကမကို ပွေ့ဖက်လိုက်သည်။
မ ။ ။ မောင်းရူနေလား? လူတွေကြည့်နေတယ်လေ ရှက်စရာကြီး။
မောင်။ ။ ကြည့်ကြည့်ပေါ့ မရယ်၊ မောင်ချစ်တာကို။

အိမ်ထောင်ကျပြီးနောက်
မ ။ ။ အရင်က ဒီနေရာမှာ မကို မောင်ပွေ့ဖက်ဖူးတယ်နော်၊ ခုဖက်ပါအုံးလားမောင်။
မောင်။ ။ လူတွေရှေ့မှာဖက်ရအောင် ရူးနေလား?

(ဂ) အိမ်ထောင်ကျစ
မ ။ ။ မောင်ရေ မကိုပွေ့ပါအုံး။
မောင်က မကိုပွေ့ပြီးကုတင်ပေါ် တင်းပေးလိုက်တယ်။

နှစ်အနည်းငယ်ကြာသော်
မ ။ ။ မောင်ရေ မကိုပွေ့ပါအုံး။
မောင်။ ။ ခြေထောက်ကျိုးနေပြီလား?

(ဃ) တစ်နေ့မှာ မောင်က
**မ ၀လာလည်း ချစ်မှာပဲ၊ ၀၀ကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်၊ အသက်အရွယ်ကြီး အိုမင်းသွားတဲ့အထိ မကိုအမြဲချစ်မယ်၊ မကိုအမြဲဖက်မယ်** ဟုသစ္စာဆိုသည်။

နှစ်အနည်းငယ်ကြာသော်
မ ။ ။ မောင် မကိုပွေ့ပါအုံး။
မောင်။ ။ ခြေထောက်ကျိုးနေပြီလား?

(၂)

မ ။ ။ မောင်ရေ မ အလှပြင်ပြီးပြီ သွားရအောင်။
မောင်။ ။ နေပါအုံး ငါမုတ်ဆိတ်ရိတ်နေသေးတယ်။
မ ။ ။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မတောင် ပြင်ပြီးနေပြီ။
မောင်။ ။ နင်အလှပြင်တာ စောင့်ရင်းရိတ်ပြီးထား ငါ့မုတ်ဆိတ်တွေထပ်ရှည်လာလို့ နောက်တစ်ခေါက်ထပ်ရိတ်နေတာ။