..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๒๖/๔/๕๒

Mouse မရှိတဲ့ အခါ

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲသို့ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေး ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။ Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။ နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်၊ ပြီးရင် check box ကို ပြန်ပြီးတော့ ဖြုတ်၊ Apply – ok လို. ပြော။

Run သွားလို.ရတဲနေရာလေး

၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။
၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel ထဲကိုသွားတာ။
၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။
၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။
၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။
၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။
၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။
၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။
၉။ calc ဆိုတာက ဂဏန်းပေါင်းစက်
၁၀။ cmd ဆိုတာက Command Box
၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို
၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ
၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင် ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။
Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။
၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။
၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။
၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.
၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။
၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။
၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။
၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက်

ရှိသေးတယ် နောက်မှဆက်ရေးတော့မယ်

“ Search,Run,..” ဖြောက်ထားချင်ရင်

Run.... မှတဆင့် Regedit ကိုဖွင့်ပြီး

HKEY-CURRENT-USER\Software\Microsoft\Windows\Current Version\Policies\Explorer အထိရောက် အောင်သွားပါ။ ထို့နောက် “ Explorer ” ပေါ်ကို မောက်စ်ညာဘက် ကလစ် လုပ်ပြီးပေါ်လာတဲ့ pop-up menu ကနေ New DWORD Value ကိုဖွင့်ပါ ထိုအခါ ညာဘက် မြင်ကွင်းတွင် New Value#1 အကွက် အသစ်တစ်ခုပေါ်လာမည်။ ထိုအကွက်ထဲတွင် NoFind ဟုရိုက်ထည့်လိုက်ပါ။

ထို့နောက် ရိုက်ထည့်ပြီးသည့် အဆိုပါ စာတန်းပေါ်ကို မောက်စ်နဲ့ ညာကလစ်လုပ်လိုက်ရင် Modify ဆိုပြီး ပေါ်လာပါမည်။ ၄င်း Modify ကိုထပ်မံဖွင့်ပြီး ပေါ်လာသည့် Edit DWORD Value ဘောက်တွင် Hexade cimal ကိုရွေးချယ်ပြီး Value data တွင် “ 1” ပြောင်းလိုက်ပါ။ ထို့နောက် OK ခလုပ်ကို နှိပ်ပြီး ကွန်ပြူတာကို (Restart) ပြန်မောင်းလိုက်ပါ။ Start (menu) တွင် Search ကိုတွေ့ရမည်မဟုတ်ပါ။

ထိုနည်း ၄င်းပဲ Run ကိုဖြောက်ထားချင်ရင်လဲ NoFind ရဲ့နေရာတွင် NoRun

Help ကိုဖြောက်ထားချင်ရင်လဲ NoFind ရဲ့နေရာတွင် SMHelp

Start ထဲက All Programs ကိုဖြောက်ထားချင်ရင်လဲ NoFind ရဲ့နေရာတွင် NoStartMenuMorePrograms လို့ရိုက်ထည့်ပြီး ဖြောက်ထားလို့ရပါတယ်.......။



မဖြောက်ချင်လို့ ပြန်ပေါ်စေချင်ရင်တော့ Run မှတဆင့် သွားသည့်အတိုင်းသွား၍ ယခင်က New ခေါ်ထားတဲ့ Nofind ,NoRun အစရှိသဖြင့်တို့ကို မောက်စ်ဖြင့် ညာကလစ်လုပ်ပြီး Delete လုပ်လိုက် ပြီး Restart ပြန်လုပ်လိုက်ရင် ပြန်ပေါ်လာပါမည်။

လွမ်းတယ်

လွမ်းတယ်……….
ဆီမီးလေးတွေ လှုပ်ခတ်သွားတဲ့အခါ
ထင်းရှုးကိုင်းတွေ ကြွေကျသွားတဲ့အခါ
ငှက်ကလေး တစ်ကောင် ပျံထွက်သွားတဲ့အခါ..
လွမ်းတယ်….။

လွမ်းတယ်………..။
ရောင်စုံသစ်ရွက်တွေ ကြွေသွားတဲ့အခါ
တိမ်နီတွေ လွင့်သွားတဲ့အခါ
ရထားဥသြသံတွေ ပျံ့လွင့်တဲ့အခါ…..
လွမ်းတယ်…။

လွမ်းတယ်….။
ကြယ်တွေကို မင်းမျက်ဝန်းတွေနဲ့ မှားတဲ့အခါ…
ဆံနွယ်တွေ လေမလွင့်တဲ့အခါ
ပင်လယ်ပြင် တိတ်ဆိတ်စွာ ငိုညည်းတဲ့အခါ…
လွမ်းတယ်……။

မေ… လေ
မသေခင်အထိ..
မင်း ကို လွမ်းနေမယ်….

** from: အိမ့်ချမ်းမြေရဲ့ သံစဉ်မဲ့အလင်္ကာများ **

ရင်ခွင်ည

ညဟာ
အသက် မရှူနိုင်ပါဘူး...

အလွမ်း စိုစွတ်နေတဲ့ မြက်သီးတွေ
တွယ်ကပ် ငြိပါနေတဲ့ နေ့တွေက
ရင်ဝမှာ
လှလှပပကြီး စူးနစ်လို့...

ဒဏ်ရာတွေ ပွတ်သပ်ရင်း
လရောင်ဝတ်ရုံပြာ
ဖြည်းဖြည်းချင်း... သူ.. ခြုံရှာတယ်...

တမ်းတခြင်း နှင်းမှုန်တွေ
မှိုင်းအုံနေတဲ့ ကောင်းကင်နံရံမှာ
ပါးကို အသာကပ်ကြည့်တယ်...

မျက်လုံး မှေးမှိတ်ရင်း
အသက် ခပ်မျှင်းမျှင်း ရှူကြည့်တဲ့အခါ
အေးမြ အရုဏ် လေပြည်ထဲမှာ
ချစ်သူ့ ရင်ခုန်သံ ကြားတယ်...

သည်လိုနဲ့
ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်...
အလင်းရောက်လာမယ့်
ဖြူလွလွ လမ်းတလျှောက်
မိုးသောက်ကြယ် အဖော်ပြုရင်း
တေးချင်းသီကျူးမိတဲ့အခါ
ချစ်သူ့ ရနံ့တွေ ရလာပြန်တယ်...

သည့်နောက်မတော့
ညဟာ
ပျော်ရွှင်သွားတဲ့ ဟန်နဲ့
နေ့သစ်ရဲ့ မီးလျှံတွေထဲ
ရဲရဲကြီး ပြေးဝင်သွားလေရဲ့... ...

*** from ::: အောင်သာငယ် ***

သစ္စာတိုင်

တောင်တွေကို
မရွှေ့နိုင်တာ တခုထဲနဲ့ပဲ
ငါ့အရေပြားတွေ
ပဲ့ကျသွားပေါ့....။

ညီမလေးရေ့...
ချစ်ခြင်းမေတ္တာ တခုထဲနဲ့
တကမ္ဘာလုံးကို
ပင့်မထားခဲ့တာ
ငါပေါ့... ...

ဘာပဲဖြစ်ဖြစ်
နင့်ကို ချစ်တယ်..

ချစ်ကဗျာ

ချစ်သူပါးပြင်း၊ အတွင်တွင်းစီးကျ

သနပ်ခါးပကွက်၊ ပျက်ခဲ့ရရှား

ချစ်သူရဲ့အနမ်း၊ ဝေးရှာသည့်ပန်း

အနမ်းများစွာ၊ ပေးခဲ့သူးပါ။

ကြိုးမဲ့အလင်း

သံတိုင်ကြားက သား
ဘွားကနဲ ရောက်လာ
တောင်ပြာပြာကြားက သားလေး
အပြေးလေး ရောက်လာ
အမေ့ပါးကို ဘယ်ညာနမ်း
လွမ်းလိုက်ရာတာ အမေရယ်သို့....။

အမေ့ လက်ချောင်းလေးတွေနဲ့
နယ်နယ်ကျွေးတဲ့ ထမင်းသုပ်လေးကိုကြိုက်တယ်။
အမေ့ အသံအေးအေး
ချစ်ပွဲဝင် သီချင်းလေးနဲ့ လိုက်တယ်။
အမေ့ ဆံထုံးလေး
စပယ်ဖွေးဖွေးလေးနဲ့ လှတယ်။
အမေကြားတယ် အမေကြားတယ်
အမေနဲ့သား ဘယ်အရာမှ ခြားမနေဘူး။

အမေ မျော်နေမှာကို သိရက်နဲ့
အပြန်ခက်နေဆဲ သားတို့ရယ်
အမေ့ မျော်လင့်ချက်
နောက်ဆုံး ထွက်သက်ထိ
သားတို့သိတယ် သားတို့သိတယ်
အမေနဲ့သား ဘယ်အရာမှ ခြားမနေဘူး။

**ချစ်ခင် နှစ်သက်သူတွေနဲ့
ကွေကွင်းရတာလည်း ဒုက္ခ**
**ကောက်ကျစ်စဉ်းလဲသူတွေရဲ့ လက်အောက်
ရောက်နေရတာလည်း ဒုက္ခ**
တရားနဲ့ဖြေပါ အမေကြီးရယ်တဲ့
အဖေကြီးကတော့
စာအုပ်လေး ကွယ်ကွယ်ပြီး
မျက်ရည်စတွေ ဖယ်ဖယ်ချလို့။

သားတို့ရေ....
အမေ့ မျက်ဝန်းထဲ
အိပ်တန်းပြန် ငှက်ကလေးတွေကိုပဲ....။

မ နဲ့မောင်

(၁)

(က) အိမ်ထောင်ကျစ
မ ။ ။ တင်းနေအောင် ဖက်မထားနဲ့လေမောင် မအသက်ရှူလို့မ၀တော့ဘူး။
မောင်။ ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါမရယ်။

နှစ်အတန်ကြာသော်
မ ။ ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။ ။ ဖက်ပြီးအိပ်ရင် အသက်ရှူလို့မ၀ဘူးဆိုတာ မသိဘူးလား။

(ခ) ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်ကမကို ပွေ့ဖက်လိုက်သည်။
မ ။ ။ မောင်းရူနေလား? လူတွေကြည့်နေတယ်လေ ရှက်စရာကြီး။
မောင်။ ။ ကြည့်ကြည့်ပေါ့ မရယ်၊ မောင်ချစ်တာကို။

အိမ်ထောင်ကျပြီးနောက်
မ ။ ။ အရင်က ဒီနေရာမှာ မကို မောင်ပွေ့ဖက်ဖူးတယ်နော်၊ ခုဖက်ပါအုံးလားမောင်။
မောင်။ ။ လူတွေရှေ့မှာဖက်ရအောင် ရူးနေလား?

(ဂ) အိမ်ထောင်ကျစ
မ ။ ။ မောင်ရေ မကိုပွေ့ပါအုံး။
မောင်က မကိုပွေ့ပြီးကုတင်ပေါ် တင်းပေးလိုက်တယ်။

နှစ်အနည်းငယ်ကြာသော်
မ ။ ။ မောင်ရေ မကိုပွေ့ပါအုံး။
မောင်။ ။ ခြေထောက်ကျိုးနေပြီလား?

(ဃ) တစ်နေ့မှာ မောင်က
**မ ၀လာလည်း ချစ်မှာပဲ၊ ၀၀ကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်၊ အသက်အရွယ်ကြီး အိုမင်းသွားတဲ့အထိ မကိုအမြဲချစ်မယ်၊ မကိုအမြဲဖက်မယ်** ဟုသစ္စာဆိုသည်။

နှစ်အနည်းငယ်ကြာသော်
မ ။ ။ မောင် မကိုပွေ့ပါအုံး။
မောင်။ ။ ခြေထောက်ကျိုးနေပြီလား?

(၂)

မ ။ ။ မောင်ရေ မ အလှပြင်ပြီးပြီ သွားရအောင်။
မောင်။ ။ နေပါအုံး ငါမုတ်ဆိတ်ရိတ်နေသေးတယ်။
မ ။ ။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မတောင် ပြင်ပြီးနေပြီ။
မောင်။ ။ နင်အလှပြင်တာ စောင့်ရင်းရိတ်ပြီးထား ငါ့မုတ်ဆိတ်တွေထပ်ရှည်လာလို့ နောက်တစ်ခေါက်ထပ်ရိတ်နေတာ။

๒๐/๔/๕๒

MS 07 မှ Blog ပို့စ်တင်နည်း

ဒီ MS Word 2007 မှ Blogspot သို့ ပို့စ်တင်နည်းလေးက တော်တော်လေး အသုံးဝင်ပါတယ် ..အင်တာနက် ကော်နက်ရှင် မကောင်းတဲ့အခါမျိုးတွေမှာ အလွယ်တကူအသုံးပြုနိုင်ပါတယ်...ဒီနည်းလေးမှာ လိုအပ်တဲ့ MS Word 2007 Portable ကိုလဲ ကျွန်တော် ဒီနေရာလေးမှာ တင်ပေးထားတာရှိပါတယ်...Portable မဟုတ်ပဲ Full Version မှာလဲ အသုံးပြုလို့ရပါတယ်...လုပ်နည်းလေးတွေကိုလဲ တဆင့် ပြီး တဆင့် သေချာလေးရေးထားပေးပါတယ် ... အားလုံးနားလည် သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်..

ပထမဦးဆုံး MS Word 2007 ကို ဖွင့်လိုက်ပါ ..ထို့နောက် ဘယ်ဘက်အပေါ်ဆုံးထောင့်ရှိ Office Bottom ကို Left Click တစ်ချက်နှိပ်လိုက်ပါ .. ထိုမှတဆင့် Publish ကို Click ပြီး Blog ဆိုတာလေးကို ရွေးလိုက်ပါ ..အောက်မှာလဲ ပုံလေးနဲ့ ပြထားပါတယ် ... ။



ပထမဦးဆုံးအကြိမ် လုပ်တာဖြစ်တဲ့အတွက် Register a Blog Account ဆိုတဲ့ Box လေး တက်လာပါလိမ့်မယ် ...Register Now ဆိုတာလေးကို Click လိုက်ပါ ...



New Blog account ဆိုတဲ့ Box လေးတစ်ခုတက်လာပါလိမ့်မယ် ..အဲဒီ Box က Choose your blog provider မှာ Blogger ဆိုတာလေးကို ရွေးလိုက်ပါမယ် ...



ဒီလိုလေး ဖြစ်လာမယ် ..



ပြီးရင် Next ကို Click ..New Blogger account ဆိုပြီး Box တက်လာမယ် .. အဲဒီ Box မှာ ကိုယ့် ဘလော့ဂ်ရဲ့ Username နဲ့ Password ကို ရိုက်ထည့်ပါ .. ( များသောအားဖြစ်တော့ Gmail Account တွေပါပဲ ) ပြီးရင် OK ကို Click လိုက်ပါ ...



ဒီနေရာလေးမှာ မိမိက အီးမေလ်းတစ်ခုတည်းကို Blogspot Account တွေ အများကြီးလုပ်ထားတယ်ဆို Choose a Blog ဆိုတဲ့ Box လေးတက်လာပါလိမ့်မယ် ..အဲဒီမှာ မိမိ Post တင်မဲ့ Blog လေးကို ရွေးပေးလိုက်ပါ ...ပြီးရင်တော့ OK ပေါ့ ....( အီးမေးလ်တစ်ခုကို Account တစ်ခုတည်းဆို ဒီနေရာလေးက မလိုပါဘူး )



ဒါဆို Picture Option Box ကို ရောက်သွားပါမယ် .. ဒီနေရာမှာက Picture Provider ကို None - Don ' t Upload Pictures ကိုပဲ ရွေးခဲ့လိုက်ပါ ...ပြီးရင်တော့ OK ကို Click လိုက်ပါ ...



အားလုံးပြီးသွားရင်တော့ Microsoft Office Word ဆိုတဲ့ Box လေးတက်လာပြီး Account Register လုပ်တာ အောင်မြင်သွားပြီဆိုပြီး ပြောပါလိမ့်မယ် ...



OK ပေးလိုက်ပါ ... ဒါဆို အားလုံး အဆင်ပြေသွားပါပြီ .. Blog အတွက် Post ကို စရေးလို့ရပါပြီ... ဒီလိုလေးပေါ်လာပါလိမ့်မယ် ....



Enter Post Title Here နေရာမှာ Mouse Cursor ချပြီး မိမိ Post ရဲ့ ခေါင်းစဉ်ကို ရိုက်ပါ ..ပြီးရင်တော့ အောက်မှာ ကိုယ်ရေးချင်တဲ့ ပို့စ်စာသားများကို ရေးသားပါ ..

အားလုံး စိတ်ကြိုက် ပြင်ဆင်ရေးသားပြီးပြီဆိုရင် ပို့စ်တင်ပါတော့မယ် .. ဒါလဲလွယ်ပါတယ် ..လက်ရှိ Blog Post ရေးနေတဲ့ Page ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ Publish ဆိုတာလေးကို Click လိုက်ပါ .. ဒါဆို ရပါပြီ ...



နောက်ထပ် Account တွေ ထပ်ထည့်ချင်သေးတယ်ဆိုရင်တော့ Menu မှ Manage Accounts ကို Click ပြီး New လုပ်လိုက်ပါ ...

Ps : ဒီနည်းပညာကို မနောသားကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ... (မနောသားကနေတဆင့် ကူယူလာသည်)

အတူတူလက်တွဲကြပါစို့

ကျားယောမပါလက်တွဲကာ သာယာဖို့ရေးအလှန်းဝေး
ဝန်းကျင်တခွင်တိုးတက်မှာ ကမ္ဘာမြေကြီးအေးချမ်းဖို့
မရဲ့လုပ်အားတန်ဖိုးထား ကျားနဲ့မတို့လက်တွဲစို့
ဝန်းကျင်တလွားတိုးစီးပွား လူသားချင်းပါ စာနာကာ
ခွင့်ရေးတူညီ ရှေ့သို့ချီ သူသူငါငါအတွေးမှာ
ကမ္ဘာမြေကြီးသာယာမည်။

ရင်မှာပိုက်ထွေးဒို့အတွေး ကျားမအလုပ်မခွဲသို့
လူတိုင်းအတွက်မျှတမှုရရှိရေးအတွက် အားလုံးသတိထားပါစို့
အနာဂါတ်ကမ္ဘာမြေကြီးသာယာဘို့ မရဲ့အခွင့်ရေးကျားအားမပေး
အတူတူလက်တွဲကြပါစို့။

๗/๔/๕๒

Registry ဆိုတာဘာလဲ?

ကျွန်တော့် Guardian ကိုရုပ်ဆိုးပေးတဲ့ ဆရာဇော်လင်းရဲ့ A+ စာအုပ်ကိုဖတ်နေရင်းနဲ့ Registry အကြောင်းလေးဖတ်မိလို့တင်ပေးလိုက်တာပါ ..Registry ဆိုတာ ကွန်ပျူတာမှ ရှိတဲ့ နေရာမှန်သမျှကို သိမ်းဆည်းပေးထားတာပါ.ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ် ပြီး \Windows\System32\Config Folder မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့ ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini တို့လို Notepad, Text Editor တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ Setting တွေကို Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ၀င် Setting လုပ်တာ ဖြစ်ပါတယ် ။ Registry မှာ အဓိကအုပ်စု(၆)စု ရှိပါတယ်။
၁။ HKEY-CLASSES-ROOT
၂။ HKEY-CURRENT-USER
၃။ HKEY-LOCAL-MACHINE
၎။ HKEY-USERS
၅။ HKEY-CURRENT-CONFIG
၆။ HKEY-DYN-DATA
HKEY-CLASSES-ROOT
သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို သတ်မှတ်ပေးတာပါ။ Class Object ဆိုတာ မျိုးတူ Function အုပ်စုတွေရဲ့နာမည်ပါပဲ ။

HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီ User တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ Perference တွေကို HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personalized Setting တွေကို ဒီမှာ သိမ်းပါတယ်။

HKEY-LOCAL-MACHINE
သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့ အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။

HKEY-USERS
အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ အကြောင်းအရာကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့ Monitor နှစ်လုံးတပ်ထားတယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values တွေကို သိမ်းထားပါတယ်။

HKEY-CURRENT-CONFIG
HKEY_CURRENT_CONFIG ဆိုတာလက်တလော CONFIG လုပ်ထားတဲ့ဟာတွေကိုသိမ်းထားတာပါ။ သူထဲမှာsoftware & systemဆိုပြီးနှစ်မျိုးရှိပါတယ်။

HKEY-DYN-DATA
သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration တွေကို RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။

(မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။ အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ အသုံးများတာပါ။ Windows XP မှာ HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။ Idea ကတော့ တူတူပါပဲ။)

**ဆရာဇော်လင်းရဲ့ A+ စာအုပ်မှ ပြန်လည် မျှဝေပါသည်

๓/๔/๕๒

Last Activity at Gmail

Gmail မှာ Last Account Activity ဆိုတဲ့ Feature တစ်ခု ပါလာပါပြီ။ Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။ အောက်ကပုံကို ကြည့်ပါ။



ဘေးက Details ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်ဖော်ပြထားပေးပါတယ်။

ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ Gmail ကို တစ်ယောက်ယောက်က ခိုးကြည့်နေသလား ဆိုတာ စစ်ဆေးနိုင်သွားပါပြီ။ Last Account Activity ရဲ့ Details မှာ ပေါ်နေတာက ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင် တစ်ယောက်ယောက်က ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။ Password ကိုသာ ချက်ချင်း ပြောင်းပစ်လိုက်တော့ပေါ့။

ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့် Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button ကို နှိပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့ Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions လို့ပေါ်နေရင်တော့ ဒီ Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။

ကဲဗျာ အခုပဲ စာဖတ်သူရဲ့ Gmail ကို ဖွင့်ပြီး အောက်ဆုံးနားမှာပါတဲ့ Last Account Activity ကို ကြည့်လိုက်ပါဦး။

Auto Shutdown လုပ်ကြမယ်

Desktop ရဲ့နေရာလွတ်တဲ့နေရာမှာ Right ကလစ် နှိပ်လိုက်ပါ
ပြီးရင် New နောက် shortcut ကိုဝင်လိုက်ပါ။
Box လေးတစ်ခုကျလာရင် win shutdown -s -f -t 10 -c "Ronmarru was here"
လို့ရိုက်ထည့်လိုက်ပါ..။ ပြီးရင် Next အဲဒီမှာက Icon ရဲ့ အမည်ထည့်ရပါ့မယ် ။
ကိုကြိုက်နှစ်သက်ရာကို ထည့်နိုင်ပါတယ် ။ Icon ကိုကြိုက်နှစ်သက်ရာကို
ထက်မံရွေးချယ် ပြီးရင်တော့ Finish ကဲပြီးသွားပါပြီ..။
Desktop ပေါ်က Icon လေးကို နှိပ်လိုက်ရုံနဲ့ Shutdown ဖြစ်သွားပါလိမ့်မယ်.......။
________________________________________

Destop မှာ ၀င်းဒိုး Ver.ပေါ်အောင်

run > regedit registry ထဲရောက်ပြီဆိုရင်
[HKEY_CURRENT_USERControl PanelDesktop] အောက်မှာ PaintDesktopVersion ကိုရှာပါ၊
ပြီးရင် PaintDesktopVersion ရဲ့ value data မှာ 1 ပေးလိုက်ပါ Restart ချပါ၊
window ပြန်တက်လာချင် အောက်ဆုံးညာဘက်ထောင့်မှာ window ရဲ့ version
တွေ ပေါ်လာပါလိမ့်မယ်

My Com ရဲ properties ဖျောက်ခြင်း

run > regedit
Key: [HKEY_CURRENT_USERSoftwareMicrosoftWindowsCurrentVersionPoliciesExplorer] System
Key: [HKEY_LOCAL_MACHINESoftwareMicrosoftWindowsCurrentVersionPoliciesExplorer] Name: NoPropertiesMyComputer Type: REG_DWORD (DWORD Value) Value: (0 = Properties, 1 = No Properties) restart ချလိုက်ပါ
window ပြန်တက်လာရင် my computer ရဲ့ Properties ပျောက်နေပါလိမ့်မယ်၊
သူ့ရဲ့ shortcut ဖြစ်တဲ့ window key နဲ့ pause break နှိပ်ရင်ရင် properties box တက်မလာတော့ပါဘူး၊

Destop မှာ Right Click မရအောင်

run > regedit
Key: [HKEY_CURRENT_USERSoftwareMicrosoftWindowsCurrentVersionPoliciesExplorer] System
Key: [HKEY_LOCAL_MACHINESoftwareMicrosoftWindowsCurrentVersionPoliciesExplorer] Name: NoViewContextMenu Type: REG_DWORD (DWORD Value) Value: (0 = disabled, 1 = enabled) restart ချပါ၊
window ပြန်တက်လာရင် Destop ပေါ်မှာ Right Click နှိပ်လို့မရတော့ပါဘူး

အဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ

Folder Option ပြောက်နေရင်

Tool menu ထဲက Folder Option ပြောက်နေခြင်းမှာ သင့်ရဲ့ ကွန်ပြူတာမှာ ဗိုင်းရပ်စ်အကိုက်ခံရသည်ဟု ယူဆပါသည်။၎င်းကို antivirus ဆော့ဖ်ဝဲနှင့်ရှင်းထုက်နိုင်သည် တိုင် Folder Option ပြန်မြင်ရမည် မဟုတ်ပါ။ ၄င်းအတွက်ပြုပြင်ရန်နည်းလည်းမှာ…….
-Start>Run ကိုဖွင့်ပါ။
-Run တွင် regedit ဟုထည့်၍ Registry Edtion ကိုဖွင့်လိုက်ပါ။
၎င်းတွင် HKEY_CURRENT_USER ကိုရွေးခြယ်ပြီးဆက်လက်၍ Software>Microsoft>Windows>CurrentVersion>Policies>Explorer တို့ကိုတစ်ဆင့် ချင်းဖွင့်သွားပါ။၎င်း Explorer သို့ရောက်လျှင် ၄င်းစာပေါ်သို့ မောက်စ်ကလစ် နှစ်ချက် နှိပ်လိုက်ပါ။ ထိုအခါညာဘက်ရှိ မြင်ကွင်းတွင် No FoldeOption ဟူသော value ကိုတွေ့လျှင် delete လုပ်လိုက်ပါ..။ ဒါဆိုရင် ပြန်ပေါ်လာပါလိမ့်မည်..။
အဆိုပါနည်းလမ်းနဲ့ ပြုလုပ်သော်လည်း Folde Option မပေါ်ရင် Run… မှတဆင့် regedit နဲ့ ပေါ်လာသော Registry Editor dialog box ၏ Edit>Find….. ကိုဖွင့်ကာ Find what တွင် Folder Option ဟုရိုက်ထည့်ပါ။ ထို့နောက် Folder Option ၏ Reg_dword တန်ဖိုးကို 1 ပြောင်းပေးလိုက်ပါ……..။
Folder Option ပြောက်နေခြင်းသည် ဗိုင်းရပ်စ် ကြောင့်လည်းဖြစ်တက်ပါတယ်။ သို့ဖြစ်၍ antivirus ဆော့ဖ်ဝဲကို update လုပ်ပြီး ဖိုင်းရပ်စ် ရှိ ၊ မရှိကို စစ်ကြည့်ရန်လိုအပ်ပါသည်..။