..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๙/๗/๕๒

အရူးမလေး

ဘဝ ဒဏ်ရာတွေနဲ့
စွန်းထင်းနေတဲ့
ကောင်မလေးတစ်ယောက်ရဲ့
အကျဉ်းတန် လှတဲ့ အသည်းနှလုံး

အမှောင်ထဲမှာ မမြင်မစမ်း
လမ်းလျှောက်နေတဲ့
ကောင်မလေးတစ်ယောက်ရဲ့
အိမ်ပြန်ချိန်

အကျဉ်းတန်လှတဲ့ နှလုံးသားကို
တစ်စစီ ချေမွသွားပြီး
ထားသွားရက်တဲ့
ကောင်မလေးတစ်ယောက်ရဲ့
ချစ်သူလေးတစ်ဦး

ရည်းစားဦးမဟုတ်ခဲ့ပေမယ့်
ကြင်ဖော်တစ်ယောက်အထိ
ရွေးချယ်ထားခဲ့တဲ့
ကောင်မလေးတစ်ယောက်ရဲ့
ချစ်သူအကြောင်း

မောပန်းနွမ်းနယ်နေတဲ့
ကောင်မလေးတစ်ယောက်ရဲ့
နှလုံးသားလေးအကြောင်းကို
သူသိအောင် ပြောပြလိုက်စမ်းပါ
လွတ်လပ်စွာ ပျံသန်းနေတဲ့
ငှက်ကလေးရေ.....။