..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๖/๘/๕๒

လွိုင်ကော် virus

ဒီလင့်ခ်လေးမှာ သွားပြီး ဒေါင်းနိုင်ပါတယ်။

http://myanmarchatonline.org/files/LoikawVirusRemoval.zip

လက်တလော သောင်းကျန်းနေတဲ့ လွိုင်ကော်ဗိုင်းရပ်စ်လေးပါ။
Run လိုက်တာနဲ့ အိုကေပါတယ်။ အားလုံး.ေ၇ာဂါပိုးကင်းစင်ကြပါစေ။

๒/๘/๕๒

I love you virus ကိုသတ်မယ်

ကဲစကားတွေလဲ သိပ်မပြောတော့ပါဘူး .. ဒီနေ့မနက် သူငယ်ချင်းတစ်ယောက် က သူမိနေတဲ့ ဗိုင်းရပ်စ်အကြောင်းပြောဖြစ်သွားတယ် .. ဗိုင်းရပ်စ်နာမည်က I love you. တဲ့ သိကြမှာပါ .. ကျွန်တော်က အဲ့ဒီ့ကောင်ဖြစ်တာက တော်တော်ကြာပြီဆိုတော့ ငြိမ်နေလိုက်တာ . အခုနောက်တစ်ခါ ဖြစ်တဲ့သူများအတွက် တင်ပေးလိုက်ပါတယ် .. အောက်ကဖိုင်လေးကို download လုပ်ပါ .. password က iloveyou ပါ .. ပြီးရင် run လိုက်ပါ .. computer restart ဖြစ်သွားပါလိမ့်မယ် ...
ကဲဒေါင်းရမယ့်ဖိုင်က ဒီမှာ ပါ ...

မှတ်ချက်။ ။ ညီနေမင်း ® MyanmarBlogger

๓๑/๗/๕๒

Funny Virus

ကျွန်တော်လဲ အဲဒီဗိုင်းရပ်စ်ကို သတ်ဖူးတယ်ဗျ။ အဲဒီဗိုင်းရပ်စ်က

C:\Documents and Settings\username\Application Data\msi အဲဒီဖိုလ်ဒါထဲမှာ(msi ဘာဆိုလားပဲ) msi.exe ရယ် update.exe ရယ်ရှိတယ်ဗျ။ အဲဒီမှာပဲလားဆိုရင်မဟုတ်ဘူးဗျ။ သူက အဲဒီနေရာအားလုံးမှာရှိတယ်။ နားလည်အောင်ထပ်ပြောရရင်

C:\Documents and Settings\All Users\Application Data\msi ဆိုတာမှာလဲ ထိုနည်း၎င်းပဲရှိတယ်ဗျ။ ပိုပြီးသေသေချာချာသိချင်ရင်တော့ search နဲ့ရှာကြည့်ပေါ့။ ရှာတဲ့နေရာမှာလဲ ရှာတာကို hidden ပါပေါ်အောင်ရှာခိုင်းပါ။ သေချာတာတစ်ခုကတော့ search လဲခေါ်လို့မရလောက်ဘူးထင်တယ်ဗျ။ ရမယ်ဆိုရှာကြည့်ပေါ့။ မရဘူးဆိုရင်တော့

http://nyameeeain21286.googlepages.com/RemoveRestrictionsToolv3.0Betachanh..exe

http://nyameeeain21286.googlepages.com/Enablev2.0.exe
အဲဒီ ဆော့ဝဲလ်နှစ်ခုအကူအညီနဲ့ဖော်ပြီရှာကြည့်ပေါ့။ နောက်ဆုံး desktop ပေါ်က funny ဆိုတဲ့ ဖိုင်ကိုဖျက်ဖို့အတွက်တော့ မသေချာဘူးဗျ။ ကျွန်တော်တုန်းကတော့ရသွားတယ်။ နောက်စက်တစ်လုံးမှာသတ်ကြည့်တော့မရဘူး။ ဘယ်လိုလဲဆိုတော့ registry ထဲမှာ funny ဆိုပြီးရှာတယ်ဗျာ တွေ့တော့ ဖိုလ်ဒါလိုက်ကြီးဖျက်လိုက်တယ်။ အဲလိုလုပ်လိုက်တာ delete လုပ်လို့ရသွားတယ်။ အဲဒါမလုပ်ခင်တုန်းက delete လုပ်ဖို့တောင်မပေါ်ဘူးမဟုတ်လားဗျ။

အဲဒီဗိုင်းရပ်စ်သတ်ရတာတော်တော်တော့လက်ပေါက်ကပ်တ ယ်ဗျ။ ဪ မေ့လို့ အပေါ်ကအဆင့်တွေမှာ update.exe နဲ့ msi.exe ကိုမသတ်ခင် taskmanager မှာ end process အရင်လုပ်ဖို့မမေ့နဲ့နော်။ အဲဒါလုပ်ထားမှ ဖျက်လို့ရမှာဗျ။ ကျွန်တော်လဲရေးတတ်သလောက်ရေးလိုက်တယ်ဗျာ။ နားလည်လားတော့မသိ :)

ဟုတ်ပါတယ်။ Desktop, Mycompter ထဲက Funny (Folder)ကို ဖျက်ချင်ရင်တော့။ Register Editor ထဲ က ဒါကိုHKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345} ဖျက်လိုက်ပါ။

မှတ်ချက်။ ။ ဒီလင့်ကိုကူယူပါတယ် (http://www.mysteryzillion.org/forums/archive/index.php?t-4303.html)

๓๐/๗/๕๒

SVCHOST.EXE ကိုသတ်မယ်...

SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..

သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ...
ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ..
အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..

3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ
startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..
စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်...


မှတ်ချက်...မြန်မာအင်ဂျင်နီယာဖိုရမ်မှ...မှီငြမ်းထားပါသည်...

๒๙/๗/๕๒

ပိုင်ဆိုင်ခွင့်မရှိတဲ့ အချစ်

ကောင်မလေးရေ

မမေ့ခဲ့ပါဘူး

ရွေးချယ်ခွင့်မရှိခဲ့တဲ့..ငါ့ဘ၀မှာ

အရာရာကိုထိတ်လန့်နေခဲ့ရတယ်

မင်း..ဘယ်တော့များ.ငါ့ရင်ထဲကထွက်သွားမှလဲပေါ့

ဘယ်သူတွေကငါ့အချစ်တွေကို စာနာပေးနိုင်မလဲလို့

အခါခါစဉ်းစားရင်း..ကြေကွဲနေခဲ့ရသူပါ.

ပိုင်ဆိုင်ခွင့်မှရှိတဲ့.ငါ့ဘ၀ကို

ငါ….မုန်းတီးနေမိတယ်

ချစ်တယ်ဆိုတဲ့…စကားလေးတွေတောင် မင်းဆီကကြားခွင့်မရှိတာ.

မင်း..ကိုယ့်ကို တကယ်မချစ်ခဲ့တာလား

ကောင်မလေးရယ်
Write by Kham Tan

နံရိုးကြားကဆည်းဆာ

အမှောင်တစ်ချို့
အလင်းတို့ကို
အလစ်သုတ်သွား ..
မြို့ပြရဲ့
မထွက်တတ်သော
ဆည်းဆာအား
ခေါင်းပုတ်၍ နှုတ်ဆက်ခဲ့သည်။

အသံတွေနဲ့ပျာယာ ခပ်နေတဲ့
နှစ်သက်သော
မြစ်လေးကို ငါသည်
ကျောခိုင်းခဲ့ပြီ။

အပြစ်တစ်ချို့ကို
ဆေးချယ်ခဲ့သည်
အသစ်တို့ကိုတော့ ငါသည်
ဘေးဖယ်ခဲ့သည် ။

လမ်းတစ်ချို့အား
မှတ်ထားပြီး
လမ်းတစ်ချို့အား
မေ့ထားခဲ့သည် …
အနိစ္စ အာရုံသည်
မလှမ်းမကမ်းတွင်
ငါ့အား
ခါးထောက်ပြီး ကြည့်နေခဲ့သည်။

သံပတ် မပေးထားတဲ့
နာရီကြည့်ဖြစ်သည်
ဒီအချိန်ဆို
အမေ့ပါးပြင်မှာ
မျက်ရည်မို့လောက်ပြီ ။

အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
ပဲ့တင်သံတို့ ကင်းစင်သည်။
တစ်ချို့သည် မျှော်လင့်ချက်တို့အား
ခင်းကျင်းထားသည်။
တစ်ချို့သည်ကား ခံစားချက်တို့အား
ရှင်းလင်းထားသည်။

လက်ဖဝါးပေါ်မှ
မြေစာပင် တစ်ချို့အား
နှုတ်ဖြစ်ခဲ့သည် ။
ဒီနေ့သည်
သမိုင်းဦးကျမ်းစာထဲမှ
သစ္စာမဲ့သော
နေ့တစ်နေ့ဖြစ်သည်။

ငိုယိုနေတဲ့
ဖေါင်တိန် တစ်ချောင်းကိုတော့
မချော့ဖြစ်ခဲ့
ကြာရင်တော့ ကဗျာတို့နဲ့
နေသားကြသွားပေလိမ့်မည် ။

မေ့တတ်တဲ့လူတို့ကိုသာ
နှုတ်ဆက်ဖြစ်ခဲ့ပြီး
သတိရတတ်သော သူတို့ကြားမှ
ရုန်းထွက်ခဲ့သည်။

ဒီလိုနဲ့ပဲ
နေဝင်ဆည်းဆာသည်
ပျောက်ရှသွားသည့်
ငါ၏နံရိုးမှတစ်ဆင့်
လှလှပပ ဇာတ်သိမ်းသွားခဲ့သည်။

๑๗/๗/๕๒

နင်ယုံရဲ့လား

နင် ယုံရဲ့လား
ပေါ့ပျက်ပျက် ရမ်သွမ်းသွေး
လောကကြီးကို အရေးမထားတဲ့
ငါ့ ရင်ထဲမှာ
မင်းအတွက် လေးနက်ခြင်းတွေရှိတယ်။

နင် သိရဲ့လား
မထီမဲ့မြင်နဲ့
လောကကြီးအတွက် ကဗျာမဆန်တဲ့
ငါ့ ရင်ထဲမှာ
နင့် အတွက် ဂီတသံစဉ်တွေ ရှိနေတယ်။

နင် ထင်ရဲ့လား
ပြုံးစပ်စပ် မျက်နှာပေးနဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့် အတွက် လွမ်းဆွတ်ခြင်းတွေရှိတယ်။

နင် မြင်ရဲ့လား
မချစ်တတ်ဘူး နင်ထင်ထားတဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့်အတွက် ချစ်ခြင်းအပြည့်ရှိတယ်။

နင် သိထားပါ
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ကင်းတဲ့
ငါ့ ရဲ့ရင်ထဲမှာ
မာနတရားတွေ ရှိနေတယ်ဆိုတာ...။