..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๒๖/๔/๕๒

ကြိုးမဲ့အလင်း

သံတိုင်ကြားက သား
ဘွားကနဲ ရောက်လာ
တောင်ပြာပြာကြားက သားလေး
အပြေးလေး ရောက်လာ
အမေ့ပါးကို ဘယ်ညာနမ်း
လွမ်းလိုက်ရာတာ အမေရယ်သို့....။

အမေ့ လက်ချောင်းလေးတွေနဲ့
နယ်နယ်ကျွေးတဲ့ ထမင်းသုပ်လေးကိုကြိုက်တယ်။
အမေ့ အသံအေးအေး
ချစ်ပွဲဝင် သီချင်းလေးနဲ့ လိုက်တယ်။
အမေ့ ဆံထုံးလေး
စပယ်ဖွေးဖွေးလေးနဲ့ လှတယ်။
အမေကြားတယ် အမေကြားတယ်
အမေနဲ့သား ဘယ်အရာမှ ခြားမနေဘူး။

အမေ မျော်နေမှာကို သိရက်နဲ့
အပြန်ခက်နေဆဲ သားတို့ရယ်
အမေ့ မျော်လင့်ချက်
နောက်ဆုံး ထွက်သက်ထိ
သားတို့သိတယ် သားတို့သိတယ်
အမေနဲ့သား ဘယ်အရာမှ ခြားမနေဘူး။

**ချစ်ခင် နှစ်သက်သူတွေနဲ့
ကွေကွင်းရတာလည်း ဒုက္ခ**
**ကောက်ကျစ်စဉ်းလဲသူတွေရဲ့ လက်အောက်
ရောက်နေရတာလည်း ဒုက္ခ**
တရားနဲ့ဖြေပါ အမေကြီးရယ်တဲ့
အဖေကြီးကတော့
စာအုပ်လေး ကွယ်ကွယ်ပြီး
မျက်ရည်စတွေ ဖယ်ဖယ်ချလို့။

သားတို့ရေ....
အမေ့ မျက်ဝန်းထဲ
အိပ်တန်းပြန် ငှက်ကလေးတွေကိုပဲ....။

ไม่มีความคิดเห็น:

แสดงความคิดเห็น