ညဟာ
အသက် မရှူနိုင်ပါဘူး...
အလွမ်း စိုစွတ်နေတဲ့ မြက်သီးတွေ
တွယ်ကပ် ငြိပါနေတဲ့ နေ့တွေက
ရင်ဝမှာ
လှလှပပကြီး စူးနစ်လို့...
ဒဏ်ရာတွေ ပွတ်သပ်ရင်း
လရောင်ဝတ်ရုံပြာ
ဖြည်းဖြည်းချင်း... သူ.. ခြုံရှာတယ်...
တမ်းတခြင်း နှင်းမှုန်တွေ
မှိုင်းအုံနေတဲ့ ကောင်းကင်နံရံမှာ
ပါးကို အသာကပ်ကြည့်တယ်...
မျက်လုံး မှေးမှိတ်ရင်း
အသက် ခပ်မျှင်းမျှင်း ရှူကြည့်တဲ့အခါ
အေးမြ အရုဏ် လေပြည်ထဲမှာ
ချစ်သူ့ ရင်ခုန်သံ ကြားတယ်...
သည်လိုနဲ့
ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်...
အလင်းရောက်လာမယ့်
ဖြူလွလွ လမ်းတလျှောက်
မိုးသောက်ကြယ် အဖော်ပြုရင်း
တေးချင်းသီကျူးမိတဲ့အခါ
ချစ်သူ့ ရနံ့တွေ ရလာပြန်တယ်...
သည့်နောက်မတော့
ညဟာ
ပျော်ရွှင်သွားတဲ့ ဟန်နဲ့
နေ့သစ်ရဲ့ မီးလျှံတွေထဲ
ရဲရဲကြီး ပြေးဝင်သွားလေရဲ့... ...
*** from ::: အောင်သာငယ် ***
လွိုင်ကော် virus
๑๖ ปีที่ผ่านมา







ไม่มีความคิดเห็น:
แสดงความคิดเห็น