..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๒๒/๕/๕๒

Bloggers’ guide

အခုအခါ မိမိတို့အလိုရှိတဲ့ အကြောင်းကိစ္စနဲ့ ပတ်သက်တဲ့ blog တစ်ခုကို ရှာဖွေ ကြည့်ဖို့ဆိုတာ မခဲယဉ်းလှတော့ပါ။ Technorati ဆိုတဲ့ blogtracking service ရဲ့ အဆိုအရ active weblogs ပေါင်း သန်း ၇၀ လောက် ရှိနေပြီလို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ blog ဆိုတာ ပျော်ရွင်ချမ်းမြေ့ ဖွယ်ရာတွေ ရှိနေသလို ဆက်သွယ်ဆောင် ရွက်ဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်နေလို့ပါပဲ။ ရလဒ်ကောင်းတွေတောင် ရနိုင်ကောင်း ပါလိမ့်မယ်။ Blogger နဲ့ Type Pad လို blogging service အချို့မှာ အလိုအလျောက် ကြော်ငြာမောင်း ထုပေးနိုင်တဲ့ tool တွေ ပါဝင်ထားပေးပြီး မိမိ site အပေါ်က အကြောင်းတွေကို အခြေခံပြီး ထုတ်ပြန်မှုတွေ လုပ်နိုင်ပါတယ်။
Pay Pal ကတစ်ဆင့် ငွေပို့ပေးနိုင်အောင်လည်း စီစဉ်ယူနိုင်တယ်။ တစ်နည်းပြောရင် မိမိကိုယ်တိုင် ကြော်ငြာတင်ပေးပြီး ကြော်ငြာခ တောင်းခံယူ နိုင်စေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
Blogging လုပ်ငန်းစဉ်ကို စိတ်မဝင်စား အလေး မထား သည့် တိုင် tool အမြောက်မြားကို စမ်းသပ်သုံးစွဲခွင့် ရနိုင်စေပါလိမ့်မယ်။ ဒါပေမယ့် blogging service တိုင်းကတော့ ဒီလိုအနေအထား ရှိချင်မှ ရှိနိုင်ပါမယ်။ Blogger ပုံစံ အနေအထား အမျိုးမျိုးနဲ အံဝင်ခွင်ကျ ဖြစ်စေပြီး music တွေ game တွေheadlive တွေနဲ့ အတူ မိမိရဲ့ blog ကို စိတ်ကြိုက် ပြုပြင် ပြောင်းလဲစေနိုင်မယ့် add-ons ၁၃ မျိုးလည်း ပါနေတဲ့ online service ၅ ခုပေါ် တွေ့ရှိသမျှကို တင်ပြပေးလိုက်ပါတယ်။
လူတိုင်းအတွက် blog တစ်ခု

တချို့ blogger တွေက web တစ်ခုလုံးအပေါ်က blog တွေနဲ့ အစဉ်တစ် စိုက် ဆက်သွယ်မှု ရှိနေခဲ့တဲ့ အခါ ရပ်နားလို့မရတဲ့ အနေအထား နီးနီး ဖြစ်သွားကြတယ့်။ မိမိက multiple blog blogger တစ်ဦးဖြစ်နေမယ် ဆိုရင် platform အတော်များများကို အသုံးပြုထားပြီး လည်ပတ်နေတဲ့ အခြေနေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ မတူညီတဲ့ service တွေက မတူညီတဲ့ အားအင်တွေရှိ သွားစေတယ်။ မိမိဖန်တီးချက် တွေရဲ့ ပုံစံ အမျိုးအစား အတွက် အကောင်းဆုံး အနေအထားနဲ့ လုပ်ကိုင်ပေးမယ့် တစ်ခုခုကို ရွေးချယ်ဖို့ အခွင့်အလမ်း ရှိသွားပြန်တယ်။ Service အချို့က ရိုးရှင်း လွယ်ကူစွာ အသုံးပြုနိုင်ရေးကို ခွင့်ပြုထားကြပြီး ကျန် Service တွေကတော့ business blogs ဒါမှမဟုတ် social network တွေဆိကို ဆွဲခေါ်သွားတဲ့ အဆင့်အထိ တိုးမြင့် ဆောင်ရွက်ပေးနိုင်စွမ်း ရှိပါတယ်။

Personal blog အတွက်

မိမိရဲ့ blog ကို ဂျာနယ်တစ်စောင်လို ထားရှိလိုတဲ့ ဆန္ဒရှိခဲ့ရင် မိမိရဲ့ တွေးခေါ် ယူဆချက်တွေနဲ့ နေ့စဉ် မိမိဘာသာ တွေးတော ကောက်ချက်ချတာတွေကို မျှဝေ ပေးနိုင်တဲ့နေရာမှာ ရှိနေရမှာ ဖြစ်ပါတယ်။
ရှေ့ကနေ ဦးပိုင်းက push-button publishing ဖြစ်တဲ့ Blogger အသုံးပြုရ မလွယ်ကူသေးပေ။ Blogger မတိုင်ခင် blog တွေ အားလုံးလောက်နီးနီးက ကိုယ်တိုင် code တွေနဲ့ ရေးယူကြရတယ်။ ဒါပေမယ့် ဒီလို လုပ်ကိုင်ကြရတဲ့ ကာလက သိပ်မကြာလိုက်ပေ။ Blogger ကတော့ အခုအချိန်ထိ gold standard အဖြစ် အရိုးရှင်းဆုံး ပုံစံနဲ့ ရပ်တည်လျက် ရှိနေပါသေးတယ်။
လွယ်လွယ်လေးနဲ့ လုပ်နိုင်တယ်လို့ ဆိုရမှာဖြစ်တယ်။ မိမိမှာ Gmail address တစ်ခု ဖြစ်ဖြစ် Google account တစ်ခု ဖြစ်ဖြစ် ရှိနေရင် စလို့ရပါပြီ။ တကယ်လို့ မရှိခဲ့ရင်တော့ Blogger ရဲ့ home page မှာ sing up လုပ်မယူဖို့ လိုတယ်။ account တစ်ခု ရလိုက်တာနဲ့ မိမိရဲ့ blog ကို ခေါင်းစဉ်တစ်ခု ပေးနိုင်တယ်။ ပြီးရင် URL တစ်ခုကို Blogspot ပေါ်က ရွေးချယ်ယူ ရမယ်။ Blogger’s free hosting service အနေနဲ့ ဖြစ်တယ်။ တကယ်လို့ ပိုပြီး လုပ်ချင်တယ်ဆိုရင် Blog ကို မိမိကိုယ်တိုင် domain ဆီကို ပြောင်းယူနိုင်တယ်။
မိမိရဲ့ Blog ကို customising အတွက် setting tab ရဲ့ အောက်မှာ options တော်တော်များများရှိတယ်။ သာဓက အနေနဲ့ main page ပေါ်မှာ post အများအပြားကို ဘယ်လို ရွေးယူနိုင်မလဲ ဆိုတာရယ်၊ ထင်မြင် ယူဆချက် ပေးနိုင်သူတွေ အတွက်နည်းလမ်း စည်းကမ်းတွေကို ချပေးနိုင်တာရယ်ကို ပြရမှာ ဖြစ်တယ်။ ဒီ့အပြင် Template tab နဲ့လည်း font တွေ colour တွေကို စီမံနိုင်တယ်။ ဒီဇိုင်းသစ်ဖြစ်ဖြစ် မိမိရဲ့ ကိုယ်တိုင် code ထည့်ဖို့ လည်း ရွေးချယ်ယူနိုင်သေးတယ်။
Blogskins လို site တွေမှာ ready-made template တွေကိုလည်း ရယူနိုင်တယ်။ မိမိရဲ့ template အတွင်းမှာ blogger ရဲ့ ဆီလျော်သင့်မြတ်တဲ့ posting tag တွေ ပါတာ သေချာမှ ဖြစ်တယ်။ ဒါမှမဟုတ်ရင် မိမိ site က မှန်မှန်ကန်ကန် ဖြန့်ချီဖို့ မလွယ်လှပါဘူး။ မှန်ကန်တဲ့ format ရှိစေဖို့ site ကို ဝင်ရောက် ကြည့်ရှုရ ပါလိမ့်မယ်။ Text တွေအတွက် format ချတာတို့ Link တွေ ထည့်ယူတာတို့ အတွက် ရိုးရိုးတန်းတန်း လွယ်ကူရှင်းလင်းတဲ့ tool ကို အသုံးချဖို့ မိမိတို့အနေနဲ့ firefox ဒါမှ မဟုတ် Safari တို့လို browser ရှိနေရပါ လိမ့်မယ်။
ကောင်းကင်ထဲက နောက်တစ်ခုက Automattic ရဲ့ WordPress ပဲဖြစ်တယ်။ Word Press က Blogger ထက် template ရွေးချယ် ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်။ မိမိအနေနဲ့ ရှင်းလင်းတဲ့ လိုင်းတွေနဲ့ အရောင်နှစ်ခု လောက်ပါတဲ့ template ကနေ ခေတ်သစ် ပန်းချီပြတိုက် တစ်ခုလို ဘော်ဒါ ဒီဇိုင်းတွေနဲ့ ဖန်တီးလုပ်ကိုင်ပေး နိုင်တဲ့ template အထိ ရွေးချယ်နိုင်ခွင့် ရှိတယ်။
WordPress အနေနဲ့ Akismet နဲ့ အတူ comment spam တွေရန်က အကာအကွယ် ပြုပေးနိုင်မယ့် အခြေခံ အရံအတား တွေကိုလည်း ခွင့်ပြုပေး ထားပါသေးတယ်။ မိမိလုပ်ကိုင်မှု ကသိကအောက် မဖြစ်ရလေအောင် Junk filter တွေကို Akismet ဆိုတဲ့ လုပ်ငန်းက စစ်ထုတ်ပေးတယ်။ တကယ်လို့ ချွတ်ချော်ပြီး crack လုပ်မှုတွေ ရှိလာရင် မိမိ site ကနေ spam အနေနဲ့ အမှတ်အသားပြ ထားတဲ့ comment တွေကို click လုပ်ရင်း မောင်းထုတ်ပစ်နိုင်ပါ လိမ့်မယ်။ တစ်နှစ်ကို ၈ ဒေါ်လာလောက် ပေးသွင်းပြီး မိမိကိုယ်ပိုင် domain နဲ့ အတူ ဖြန့်ချိနိုင်ဖို့ wordpress blog ဖြစ်လာခွင့် ရှိနေတယ်။

ကိုယ်ရေးသီးသန့်ထားရှိခြင်း

blogging platform အများစုနဲ့ အတူ မိမိအလုပ်ကို လူသိရှင်ကြား ဝန်ဆောင်မှု တစ်ခုကို ရွေးချယ်ယူနိုင်တယ်။ ဒါပေမယ့် မိမိနာမည်ဖြစ်ဖြစ်၊ မိမိကုမ္ပဏီ ဖြစ်ဖြစ် ရိုးရှင်းတဲ့ Google search တစ်ခုက မိမိ blog ကို အလွယ်တကူ ဝင်လာနေနိုင်ဆဲ ဖြစ်ပါတယ်။ နောင်တွေ့လာမယ့် အလုပ်ရှင်တွေရဲ့ မျက်စိကို မြင်သာ ထင်သာ ဖြစ်နိုင်ခြေလည်း ရှိစေပါတယ်။ ပိုပြီး ဆင်ခြင် ရေးသားရမယ့် အကြောင်းအရာတွေ အတွက် မိမိမိတ်ဆွေ အတွက်ဖြစ်ဖြစ်၊ မိမိမိသားစု အတွက် ဖြစ်ဖြစ် ဖတ်ရှုနိုင် စေမယ့် blog တစ်ခုကို set up လုပ်ယူ နိုင်တယ်။Vox နဲ့ Live ournal လို Community-oriented service တွေက authorised version အတွက်သာ ဖြစ်စေမယ့် မိမိရဲ့ post တွေအဖြစ် ကန့်သတ် ဆောင်ရွက်ပေးတယ်။ တကယ်လို့ ဒီလို option မျိုး မပံ့ပိုးတဲ့ service ဆီကို သွားမယ်ဆိုရင် မိမိရဲ့ ကုမ္ပဏီကိုပဲ ဖြစ်ဖြစ်၊ မိမိအမည်ကိုပဲ ဖြစ်ဖြစ် ဖော်ပြမပေးဖို့ စကတည်းက ပေါ်လစီ ပြုလုပ်ထားရမှာ ဖြစ်တယ်။

business blog အတွက်
မိမိရဲ့ blog ကို ဘောင်ခတ်ထားပြီး လုပ်ကိုင်လို တယ်ဆိုရင် အထူးသဖြင့် မိမိရဲ့ blog ကို မိမိရဲ့ စီးပွားရေး လုပ်ငန်းရပ် တစ်ခုအဖြစ် အသုံးချ လိုတယ်ဆိုရင် Six A port ရဲ့ Type Pad ကို ကြည့်ကြည့်ပါ။ ဒီ service က blogger တို့၊ wordPress တို့ထက် ပိုပြီး flexible ရှိပါတယ်။ ဖြစ်ထွန်း ကြီးထွားလာ နိုင်ရေးအတွက် blog room ပေးထားမှာ ဖြစ်တယ်။ MSNBC တို့၊ Time တို့၊ wired တို့ အပါအဝင် professional media outlet တော်တော် များများက သူတို့ရဲ့ weblog တွေ အတွက် ဒီလို အချက်တွေအပေါ် အမှီပြု အားထား လုပ်ကိုင် နေကြတာ ဖြစ်တယ်။
TypePad က လူတိုင်း အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့် မပေးပါဘူး။ အခြေခံ အဆင့်အနေနဲ့ တစ်လကို လေးဒေါ်လာ လောက်နဲ့ စတင် ပါဝင်ခွင့် ပေးလေ့ရှိတယ်။ Single blogger တစ်ဦးအတွက် blog တစ်ခုကို ရယူစေပြီး multiple authors ရာထားမှုအတွက် တစ်လကို ၂၉ ဒေါ်လာလောက် ပေးသွင်းကြရတယ်။ အကန့်အသတ် မရှိတဲ့ blog တွေ ရယူနိုင်တယ်။ Bandwidth နဲ့ storage space လည်း တစ်ပုံတစ်ပင် ပေးထားတတ်တယ်။
စီးပွားရေး လုပ်ငန်းသုံးအတွက် ဆိုတဲ့ ရွည်ရွယ်ချက် ထားပေးတဲ့ TypePad ၏ feature တစ်ခုကတော့ static pge တွေ အနေနဲ့ setup လုပ်ယူစေတယ်။ ဥပမာ အားဖြင့် homepage တစ်ခု ဒါမှမဟုတ် bio page တစ်ခုကို မိမိရဲ့ blog’s theme ကိုက်ညီမယ့် ဒီဇိုင်းဖန်တီး ထားပေးတယ်။ တစ်ချိန်တည်း မှာပဲ မိမိရဲ့ blog ရဲ့ layout အပေါ် မယုံကြည် လောက်တဲ့ ထိန်းချုပ်မှုမျိုးကို ရယူစေတယ်။ ချက်ချင်းဆိုသလို colum အများကို ချယူနိုင်တယ်။ အသေးစိတ်တွေကို sidebar အနေနဲ့ ဘယ်ညာခွဲပြီး ထားရှိခွင့်ပေးတယ်။ မာလ်တီ မီဒီယာ ကြီးမားတဲ့ blogs တွေအတွက် Type Pad က ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေနဲ့ ခင်းပြပေးတဲ့ mixed-media layout ပုံစံမျိုးကို ရွေးချယ်ခွင့် ပြုထားတတ်တယ်။
Type Pad ရဲ့ comment spam အကာအကွယ် ပေးမှုက blogger တို့ WordPress တို့ထက် ပိုပြီး ထိထိရောက်ရောက် ကျယ်ကျယ် ပြန့်ပြန့် ရှိနေစေတယ်။ ချက်ချင်း ဆိုသလို ခွင့်ပြု ပေးထား တဲ့ သူတွေ အတွက် သီးခြားဖြစ်ဖြစ်၊ code တစ်ခုအတွင်း ရိုက်သွင်းယူ နိုင်သူတွေ အတွက် သီးခြားဖြစ်ဖြစ် ကန့်သတ်ပေး လိုက်နိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ Commenter တွေနဲ့ report spammer တွေကို ချက်ချင်း ပိတ်ယူနိုင်တယ်။

Type Pad ရဲ့ အကြီးမားဆုံး အားနည်းချက်က tech support အဆင့် အတန်းပဲဖြစ်တယ်။ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ရှိလာခဲ့ရင် အဖြေရှာရခက်တယ်။ Knowledge base အတွင်း အသင့် ရနိုင် ခဲ့တယ်။

မိမိကိုယ်ပိုင် Domain တစ်ခု

မိမိ blog နဲ့ အတူ ဝင်ငွေ ရှာချင်တယ် ဆိုရင် မိမိ ကိုယ်ပိုင် web address တစ်ခုတော့ ရှိထားရမှာ ဖြစ်တယ်။ မိမိကိုယ်ပိုင် domain ပေါ်ကို blogging လုပ်ဖို့အတွက် စီစဉ်မယ်ဆိုရင် set up လုပ်ငန်းစဉ် အတော်အသင့် ရှိနေတာနဲ့ အချိန်ယူ လုပ်ကိုင်ရတယ်။ FTP က တစ်ဆင့် မိမိပိုင် server ဆီကို publiship လုပ်ခြင်း ပုံစံနဲ့ ဖြစ်ဖြစ်၊ domain mapping လုပ်တဲ့ ပုံစံနဲ့ ဖြစ်ဖြစ် လုပ်ကိုင်ရပါလိမ့်မယ်။
Google ရဲ့ blogger နဲ့ iweb နဲ့ Repid weaver တို့လို desktop blogging ပရိုဂရမ်တွေက FTP ကတစ်ဆင့် မိမိ domain ဆီကို publishing လုပ်တဲ့ ပံ့ပိုးမှုတွေ ရှိကြတယ်။ ဒါတွေ လုပ်ကိုင်ဖို့ မိမိမှာ လုံလောက်တဲ့ server space ရှိဖို့ အရေးကြီး ပါတယ်။ တခြား တဘက်ကလည်း Wordpress တို့ Type Pad တို့နဲ့ Tumbr တို့အားလုံးက domain mapping ကို အသုံးပြုကြတယ်။ ဆိုလိုတာက မိမိရဲ့ custom URL က မိမိ blog ဆီကို အတိအကျ ညွှန်းပေးတာမျိုး၊ မြေပုံချပေး ထားတာမျိုး ဖြစ်တယ်။ တော်တော် များများ မှာတော့ ဒီလိုကိစ္စတွေကို မိမိ domain ဝယ်တဲ့အခါတည်းက register နဲ့ လုပ်ကိုင်ထားပြီး ဖြစ်ကြတယ်။ Service နဲ့ Register တစ်ခုစီမှာ လုပ်ကိုင်ပုံချင်း အနည်းငယ်စီ ကွာခြားတာ တွေ့ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိအသုံးပြုနိုင်ဖို့ အတတ်နိုင်ဆုံး အဆင်ပြေပြေ လုပ်ထားပေးလေ့ ရှိကြပါတယ်။ မိမိ blog ကို publish လုပ်ဖို့ sub-domain တစ်ခုဖြစ်ဖြစ်၊ folder တစ်ခုဖြစ်ဖြစ် set up လုပ်ဖို့ ကောင်းတဲ့ စိတ်ကူးစိတ်သန်း ရှိကြတယ်။ ဥပမာ အနေနဲ့ yoursitename.com ပြသပေးရုံ သက်သက်မဟုတ်ဘဲ yoursitename.com/blog လို့ ပေးထားတာမျိုး ရှိပါတယ်။ Domain တစ်ခုတည်း ပေါ်မှာ မိမိ blog သက်သက်ထက် တခြား publish material တွေကို ခွင့်ပြုထားတဲ့ သဘောဖြစ်တယ်။ အသေးစိတ် လေ့လာ လိုတယ်ဆိုရင် site တစ်ခုစီရဲ့ domain-mapping FAQ paper တွေမှာ လေ့လာနိုင်ပါတယ်။ Wordpress အတွက် tinyurl.com/yoa4jw ကိုဖြစ်ဖြစ်၊ TypePad အတွက် tinyurl.com/5zavwkကိုဖြစ်ဖြစ်၊ Tumblr အတွက် tinyurl.com/283otbကို ဖြစ်ဖြစ်၊ Bloggerအတွက် tinyurl.com/2814xm ကိုဖြစ်ဖြစ် ဝင်ကြည့်နိုင် ပါတယ်။

Community blog အတွက်

Six Apart အပြင် Vox ဆိုတဲ့ တခြား blogging service တစ်ခု ရှိပါသေးတယ်။ ဒီလုပ်ငန်းကတော့ multimedia နဲ့ social-networking feature တွေအပေါ် အာရုံထား စရာ လုပ်ငန်းသာ ဖြစ်တယ်။ Like-minded community တစ်ခုနဲ့ လက်ပွန်းတတီး ဖြစ်နေဖို့ အကောင်းဆုံး service ဖြစ်ပါတယ်။ မိတ်ဆွေ အုပ်စု တွေနဲ့ ရိုးရိုးတန်းတန်း စာပေး စာယူ လုပ်ဖို့ကောင်းတဲ့ နေရာ တစ်ခုလည်း ဖြစ်တယ်။
Vox ပေါ်မှာ blog တစ်ခုကို set up လုပ်တဲ့အခါ ဒီဇိုင်း ပုံစံ ပေါင်း ရာချီ ရှိနေရာကနေ ရွေးချယ်ကောက် ယူနိုင်တယ်။ စက်ဘီး ပြိုင်ပွဲလို၊ တေးဂီတ သီချင်းလို၊ ခရီးသွားဖို့ ကိစ္စလို တစ်သီးတခြား စိတ်ဝင် စားစရာ တွေကို ပုံကျပန်းကျ ဖြစ်စေဖို့ thame တော်တော်များများ ရှိနေမှာ ဖြစ်တယ်။ မြို့ တွေ၊ နိုင်ငံတွေနဲ့ ပတ်သက်လို့ ရာသီဥတု အခြေအနေ တွေကအစ၊ အားလပ်ရက်တွေ အဆုံး ပါဝင် ဖွဲ့စည်းမှုတွေ ရှိနေပါလိမ့်မယ်။ layout option တွေ တော်တော် များများ ရှိနေမှာ ဖြစ်ပေမယ့် Blogger TypePad တို့နဲ့ တော့ မတူပါလေ။ ဒီဇိုင်းနဲ့ Layout တွေအတွက် အလုံးစုံ ပြည့်ဝမှုတော့ မရှိနိုင်ပေ။ ဒါ့အပြင် Vox က မိမိရဲ့ ကိုယ်ပိုင် server ဆီကို publish လုပ်ဖို့ ခွင့်ပြုမထားပေ။ X.vox.com naming scheme နဲ့ အတူ စွဲကပ်ထားတယ်။
မိမိအနေနဲ့ post အသစ်တစ်ခုကို ဖန်တီးတဲ့အခါ ဓာတ်ပုံတွေ စာအုပ်တွေနဲ့ ဗီဒီယိုတွေ ဖြည့်ဆည်းဖို့ ခလုတ်တွေ မြင်ရပါလိမ့်မယ်။ ဗီဒီယိုကို click လုပ်လိုက်တယ် ဆိုပါစို့။ Vox ကမိမိ PC ကနေ ဗီဒီယို အသစ်တစ်ခုကို upload လုပ်ယူ စေပါလိမ့်မယ်။ ဒါမှမဟုတ် youtube ဆီက တွဲထည့်ပေး လိမ့်မယ်။ ရုပ်ရှင်တွေ ရွေးချယ်ဖို့ ဖြစ်ဖြစ်၊ ပိုစတာထည့်ဖို့ပဲ ဖြစ်ဖြစ်၊ DVD ဝယ်ယူဖို့ link တစ်ခုနဲ့ ချိတ်ယူဖို့ ဖြစ်ဖြစ် Amazon tab တစ်ခုလည်း ထားပေးပါသေးတယ်။
Image တွေ ကိစ္စဆိုရင် မိမိကိုယ်ပိုင် image တွေကို upload လုပ်နိုင်သလို iStockphoto က stock image တစ်ခုကိုလည်း ရှာဖွေ ယူနိုင်တယ်။ ဒါမှမဟုတ် Vox က Fliclkr ကဖြစ်ဖြစ်၊ Photobucket ကဖြစ်ဖြစ် ပုံတွေ ဆွဲယူပေးလိမ့်မယ်။ Vox ကမိမိရဲ့ post ထဲမှာ အဲဒီပုံတွေကို မြှုပ် ထည့်ပေးမှာ ဖြစ်တယ်။ မိမိအနေနဲ့ “Contacts” လို့ပဲ ဖြစ်ဖြစ် Vox ရဲ့ အသုံးအနှုန်း အရ “Neight bors” လို့ပဲ ဖြစ်ဖြစ် မိတ်ဆွေတို့၊ မိသားစုဝင်တို့ ဒါမှမဟုတ် မိသားစုရော၊ မိတ်ဆွေရော အားလုံးအတွက် နေရာချထား ပေးနိုင်ပါတယ်။ မိမိရဲ့ post ကို ဝင်ကြည့်ရုံ သက်သက်လည်း ဖန်တည်းထား ရှိနိုင်ပါတယ်။ သူတို့ဆီက upload လုပ်လိုတဲ့ အရာတွေကိုလည်း လက်ခံ ဆောင်ရွက် ပေးနိုင်ပါတယ်။
Mobile blog အတွက်

လွယ်ကူရှင်းလင်းမှု အရှိဆုံးရဖို့ Tumbir ဖွင့်ကြည့် လိုက်မယ်ဆိုရင် publishing service တစ်ခု အနေနဲ့ tumblelog တွေအတွက် ဒီဇိုင်းလုပ် ထားပါတယ်။ tumblelog ဆိုတာက အလျင်အမြန် ထိနိုင်ဖို့အတွက် ဒီဇိုင်း လုပ်ထားတဲ့ blog ပုံစံ အမျိုးအစား တစ်ခုဖြစ်တယ်။ post တိုတိုနဲ့ ရရ၊ ဓာတ်ပုံတွေနဲ့ တွေ့ တွေ့ ၊ ဗီဒီယိုတွေ web link တွေနဲ့ ရရ အရယူခြင်းနဲ့ အလျင်အမြန် ထိနိုင်မှာ ဖြစ်တယ်။ တစ်နည်းပြောရရင် text entries တွေထက် ထိမိစေပါတယ်။ ဒီလိုနည်းနဲ့ mobile phone ပေါ်ကနေ posting အတွက် ပြုလုပ်ပေးတဲ့ သဘော ဖြစ်တယ်။
မိမိရဲ့  email address နဲ့ password ကို ထည့်သွင်းပြီး မိမိ ရည်ရွယ်ထားတဲ့ web address ကို ထည့်ပေး လိုက်တာနဲ့ ဖြန့်ဝေဖို့ အဆင်သင့် ဖြစ်နေပြီး ဖြစ်တယ်။ (နောက်ပိုင်းမှာ မိမိရဲ့  domain ကိုပြောင်းထည့် နိုင်ပါတယ်။)
Posting တက်လာတဲ့အခါ test တို့ photo တို့ quotes တို့ Links တို့ chat trancsript တို့နဲ့ video တို့ အပါအဝင် entry ပုံစံ အမျိုးမျိုးအတွက် ခလုတ်တွေကို မြင်တွေ့ ကြရပါလိမ့်မယ်။ Twitter-style observation တို့တွေနဲ့ ကင်မရာဖုန်းနဲ့ ရိုက်ကူးလို့ ရသမျှတွေကို အလျင်အမြန် upload တင်ပေးလိုက်လို့ ရပါတယ်။ Tumbir အနေနဲ့ post တစ်ခုအတွင်း text တွေ ဓါတ်ပုံတွေကို ပုံစံကျ ချပေးထားပြီး တစ်မျိုး တစ်ဘာသာ ထူးခြားနေတဲ့ e-mail address ဆီသို့လို့ massage တစ်ခုကို ပို့လိုက်ရုံပဲ ဖြစ်တယ်။
ဒီလို လုပ်လိုက်နိုင်တာက ထူးခြားတဲ့ feature တစ်ခုတော့ မဟုတ်ပေ။ အထက်မှာ ဆိုခဲ့ပြီးသလို services အများစုက သွားရင်းလာရင်းက post လုပ်လို့ ရကြပါတယ်။ ဒါပေမယ့် ဒီိလို သွားရင်းလာရင်း ဆောင်ရွက်ယူ ရတဲ့ အထဲမှာ Tumbir က အားလုံး ထက် ပိုပြီး အဆင်ပြေ စေနိုင်ပါလိမ့်မယ်။
Widget တွေနဲ့ ထူးဆန်းထွေလာ ကမ္ဘာ

ဘယ်သူမဆို web page တစ်ခုပေါ်မှာ pictures တွေဖြစ်ဖြစ်၊ text တွေဖြစ်ဖြစ် လျှောဝင် သွားလို့ ရနိုင်တယ်။ ဒီလို လုပ်ဆောင်ထားတဲ့ အရာတစ်ခုကို blog တစ်ခုလို့ ခေါ်ကြတယ်။ လူတွေ ပုံမှန် ဝင်ကြည့် လောက်တဲ့ blog တစ်ခု ဖြစ်လာဖို့ ဆိုတာတော့ လွယ်ကူတဲ့ အရာတော့ မဟုတ်ပေ။ စိတ်ဝင်စားစရာ ဖြစ်လာစေမယ့် နည်းလမ်း တစ်ခုကတော့ widget တွေကို အသုံးချ ယူတာပဲဖြစ်တယ်။
Widget ဆိုတာ ပရိုဂရမ် သေးသေးလေး တစ်ခုလို့ ဆိုရမှာ ဖြစ်တယ်။ လက်တွေ့ကျတဲ့ အသုံးဝင်စေမယ့် အရာတွေကို ထည့်သွင်းပြီး မိမိရဲ့ blog ကို တစ်မျိုးတစ်ဘာသာ ထူးခြားစွာ အသုံးဝင်စေမယ့် ပုံစံအသွင်ကို ပြောင်းပေးနိုင်တဲ့ ပရိုဂရမ်လို့ ဆိုရမှာ ဖြစ်တယ်။ ချက်ချင်း ဆိုသလို widget တစ်ခုက မိမိရဲ့ ဓာတ်ပုံတွေ RSS feed တွေကို ခင်းပြပေးနိုင်တယ်။ နောက်ပိုင်းမှာ နားထောင်ဖို့ သီချင်းတွေ၊ တေးဂီတတွေကို စာရင်း လုပ်ပေးထားနိုင်တယ်။ မိမိ သွားလည်ပတ်မယ့် နေရာအတွက် maps တွေ အသင့်ပြင် ပေးထားနိုင်တယ်။
Widget များထည့်သွင်းယူခြင်း။
မိမိ blog ထဲကို widgets တွေ ထည့်ဖို့ဆိုတာ ယေဘူယျ သဘောအရ အခက်အခဲ မရှိ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ တချို့  service တွေက သူတို့ ကိုယ်ပိုင် လုပ်ငန်းစဉ် လေးတွေနဲ့ အတူ ပိုပြီး လွယ်လွယ်ကူကူ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက် စီမံ ထားတတ်ပါတယ်။
Wordpress ဆိုရင် calender widget တစ်ခုနဲ့ ခွင့်ပြုထားပေးတယ်။ Flickr widget တွေနဲ့ တခြား widget တွေကို မိမိ blog ထဲ ထည့်နိုင်ဖို့ အဆင်သင့် လုပ်ထားပေးတဲ့ သဘော ဖြစ်တယ်။ တစ်ခုကို install လုပ်တော့မယ်ဆိုရင် Presentation Link ကို ပထမ ရွေးလိုက်ပြီး မိမိ အသုံးပြု လိုတဲ့အရာကို မိမိ blog ပေါ်ရောက်အောင် drag-and-drop စနစ်နဲ့ လုပ်ကိုင်နိုင်တယ်။
TypePad မှာ ဆိုရင် ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ရွေးချယ်ခွင့် ရှိတယ်။ daily cocktail ပုံသဏ္ဍာန်မျိုးနဲ့ ခင်းကျင်းပြသ ထားလေ့ရှိတဲ့ Google calender တစ်ခုက ပေးထားတဲ့ widget မျိုးတွေအထိ ရယူ နိုင်တယ်။ Design tab ကို click လုပ်ပြီး Widget Gallery ကို ရှာယူရတယ်။ မိမိ ကြိုက်နှစ်သက် တာကို ရွေးလိုက်တဲ့အခါ TypePad ကမိမိရဲ့ blog မှာရှိတဲ့ sidebar ထဲကို အလိုအလျှောက် ထည့်ပေး လိုက်တယ်။
တကယ်လို့ ဒီ services တစ်ခုခုကို အသုံးမပြုခဲ့ရင်လည်း မိမိ site ထဲကို widget တွေ ထည့်ယူလို့ ရပါတယ်။ တစ်ချို့  widget တွေက ပေါ်ပြူလာ ဖြစ်နေတဲ့ service တွေအတွက် အလိုအလျှောက် install လုပ်ယူနိုင်မယ့် option တစ်ခု ပါလာတတ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း widget ရဲ့ code ကို ကူးယူနိုင်ဖို့ လိုပါလိမ့်မယ်။ (မိမိအတွက် မှန်ကန်တဲ့ code ရွေးပေးမယ့် button တစ်ခု ပါလာစမြဲ ဖြစ်တယ်) ပြီးရင် မိမိ blog ရဲ့ template ပေါ် paste လုပ်ယူလိုက်ရတယ်။
Pages တိုင်းလိုလိုပေါ်မှာ အဆင်သင့်ရှိနေတတ်တဲ့ blog ရဲ့ sidebar အတွင်း widgets တွေကို နေရာချထားတာ တိုတောင်းတယ်လို့ ညွှန်းဆိုချင်ပါတယ်။ (ဒီလိုမှ မဟုတ်ရင် မိမိ blog ကို page တစ်ခုချင်းနဲ့ မတူညီတဲ့ template တွေသုံးပြီး setup လုပ်ယူ နေရပါလိမ့်မယ်)
Blogger ကတော့ widget တွေကို sidebar မှာဖြစ်ဖြစ်၊ page ရဲ့ အောက်နားမှာ ဖြစ်ဖြစ် ထည့်ယူခွင့် ပြုထားတယ်။ Template tab ကို click လုပ်ပြီး Page Elements ကို သွားကာ “add Page Element” ကို click လုပ်ပြီး HTML/Java Script option ကို ရွေးရတယ်။ ပြီးရင် code အတွင်း paste လုပ်ပေး လိုက်ရတယ်။
TypePad အတွင်းမှာ Typelists အနေနဲ့ မိမိရဲ့ sidebar ထဲကို external widget ထည့်ယူ နိုင်တယ်။ Type Lists tab ကို သွား Notes Type List အသစ်တစ်ခု ဖန်တီးယူပြီး Note field ထဲကို code တွေ paste လုပ်ယူရတယ်။
Wordpress အနေနဲ့ စိန်ခေါ်ပြီး လုပ်စရာ နည်းနည်းရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများသူငါ အသုံးပြုထားတဲ့ HTML (hypertext markup language) tags တွေ ရှိနေတတ်တာမို့ “thirt-party widgets” တွေကို မှန်မှန်ကန်ကန် သွင်းပေးနိုင်မှုာ မဟုတ်လို့ဘဲ ဖြစ်တယ်။ (အကြောင်းစုံ သိလိုရင် tinyurl.com/66uprm ကို ဝင် ကြည့် နိုင် ပါတယ်)
Wordpress ကမိမိ ရွေးထားတဲ့ တခြား widget တွေကို install လုပ်ပေးနိုင်မယ့် ဆော့ဖ်ဝဲကို ထည့်ယူနိုင်တယ်။instrallable version တစ်ခုကို ခွင့်ပြုပေးထားတယ်။ မိမိ ကိုယ်ပိုင် web host ရှိနေစေပြီး site admin တချို့ ကို လုပ်ပေးနိုင်ဖို့နဲ့ ပတ်သက်လို့ ယုံကြည်မှု အပြည့်နဲ့ လုပ်ကိုင်နိုင်စေတယ်။

တကယ်လို့ Vox ဖြစ်ဖြစ်၊ Tumbir ဖြစ်ဖြစ် အသုံးပြုနေရင်တော့ widget တွေကို sidebar မှာ နေရာချယူနိုင်တဲ့ နည်းလမ်းမှ တစ်ပါး တခြား မရှိနိုင်ပေ။

My Space Page တစ်ခုနဲ့ အတူ ပါဝင်နေတဲ့ လူဦးရေ သန်းပေါင်း ၅၀ ထဲက တစ်ယောက် ဖြစ်နေ ခဲ့ရင် ဒါမှမဟုတ် တစ်နေ့တစ်ခြား လူဦးရေ တိုးပွား နေတဲ့ facebook user ထဲက တစ်ဦးဦး ဖြစ်နေ ခဲ့ရင် widgets လောကကြီး တစ်ခုကို ပိုင်စိုး ထားသလို ရွေချယ် ပိုင်ခွင့်တွေ အမြောက်အများ ရှိသွားစေမှာ ဖြစ်တယ်။ MySpace နဲ့ facebook တွေ ရှိလာ ကတည်းက မိမိ page ကို ဘယ် လောက် အထိကြိုးကိုင် ချယ်လှယ် နိုင်မလဲ ဆိုတဲ့ အနေ အထား အတွက် လူးသာ လွန့်သာ ရှိတဲ့ အခြေအနေတွေ လျော့ပါး လာခဲ့ရပါတယ်။ MySpace က widget တစ်ချို့ ကို ပိတ်ဆို့ ထား တယ်။ ဒါကြောင့် ဒီလို လုပ်ဆောင်ချက် လုပ်နိုင် မလုပ်နိုင်ကို ပထမဦးစွာ လေ့လာ ထားရပါမယ်။
ဒီလို အခြေအနေအတွက် widget box ကို အသုံးပြု နိုင်မယ့် နည်းလမ်း တစ်ခု ရှိပါတယ်။ Widget တွေကို site နှစ်ခုလုံးပေါ်မှာ အလိုအလျောက် install လုပ်ပေး နိုင် တယ်။ မိမိ စိတ်ကြိုက် နှစ်သက်တဲ့ widget ကို ထည့်သွင်းလို့ ရသွား ပါလိမ့်မယ်။ Face Book icon ဖြစ်ဖြစ ကြည့်ပါ။တကယ်လို့ ရှိနေတယ် ဆိုရင် click လေးတစ်ချက် နှစ်ချက် လုပ်ရုံမျှနဲ့ Widget ကို ထည့်သွင်းလို့ ရသွားပါလိမ့်မယ်။ FaceBook user တွေအတွက် ပိုပြီး လွယ်ကူစေတဲ့ နည်းလမ်း ရှိပါတယ်။ မိမိရဲ့ profile page ကို ဒီပရိုဂရမ် သေးသေးလေးကို ထည့်ခွင့်ပြု ပေး တယ်။ မိမိ သွား လည်ပတ်မယ့် မြို့  ရဲ့ မြေပုံဖြစ်ဖြစ်၊ ကိုယ်လက် ကြံ့ခိုင်ရေး လေကျင့်ခန်းတွေ ဖြစ်ဖြစ် ထည့်လိုက် တာမျိုး ဖြစ်တယ်။ Face Book page တစ်ခုခုရဲ့ ဘယ်ဘက် ထိပ်နားမှာ Application link ပေါ် widget ရဲ့ စာရင်းတွေ အများအပြားကို ကြည့် နိုင်တယ်။
(facebook.com/apps မှာ အသေးစိတ် မြင်တွေ့ နိုင်တယ်။)

Widget များရှာဖွေခြင်း

Widget တွေကို ဘယ်လို install လုပ်မယ်ဆိုတာ သိရှိ သွားပြီးတဲ့နောက် widgets တွေကို ဘယ်က ရနိုင်မလဲ ဆိုတာ ကြည့်ရ ပါတော့မယ်။ New York Times Widget ပါရှိ လိုက်တာနဲ့ မိမိရဲ့ blog က ချက်ချင်း ဆိုသလို newsroom လေး ဖြစ်လာ စေတယ်။ နောက်ဆုံး အခြေအနေပြု ဝင်ရောက် ကြည့်ရှု သူတွေရဲ့ ကမ္ဘာက ပိုကျယ် သွားသလို ဖြစ်ရတယ်။ လက်ရှိ ဒေသဆိုင်ရာ ရာသီဥတု ခန့်မှန်းချက်တွေ ထည့်ဖို့ မိမိရဲ့ ဘယ်နှစ်ဆလောက် သေးငယ်တဲ့ YourMinis Calendar widget ကို သုံးရမှာ ဖြစ်တယ်။ iCal calendar အတွက် web address ကို ထည့်ပြီး ဖြန့်ဝေ နိုင်တယ်။ Edit Me ကို Click လုပ်ပြီး Edit ကို သွားကာ တခြားသူတွေ မိမိ calendar ထဲ စာရင်းသွင်း နိုင်မယ့် URL ကို ထည့်ယူ ရပါတယ်။ iPod Nike+Sport Kit ကို အသုံးပြုတဲ့ အပြေး သမားတွေ အနေနဲ့ NIke Plus widget (nikeplus.com) က အကောင်းဆုံး ပံ့ပိုး ဆောင်ရွက် ပေးပါ လိမ့်မယ်။
Music widget များ

Music နဲ့ ပတ်သက်လို့ ဘယ်လို ခံစားမှု ရသကို ပေးနိုင်တယ် ဆိုတာကို ပြသလိုပါသလား၊ Apple ရဲ့ My iTunes widgets ကနေ ဘယ်လို music တွေ၊ ဗီဒီယို တွေက နောက်ဆုံး ဝယ်ယူ နိုင်မလဲ ဆိုတာရယ်၊ အဲဒီ music တွေ ဗီဒီယိုတွေ အတွက် ဝေဖန် သုံးသပ်ချက် တွေရယ် မိမိရဲ့ favorite iTunes artist တွေ အားလုံးကို လွှင့်ထုတ် ပေးပါတယ်။ ဒီ widget တွေကို ဖမ်းဆုပ် ယူဖို့ မိမိရဲ့ iTunes Store ကို ဝင်ရောက် ကြည့်ရှုပြီး account ဖွင့်ပြီး Enable My iTunes ကို click လုပ်ပေးရတယ်။ Widget တွေအနေနဲ့ internet radio ရဲ့ fan တွေ အတွက်လည်း ရှိနေ ပါသေးတယ်။ ဥပမာ အနေနဲ့ Last.fm ဆိုရင် radio station သေးသေး လေးတစ်ခု ဖန်တီး ယူနိုင်တယ်။ မိမိ blog ပေါ်မှာ မိမိ ကြိုက် နှစ်သက်ရာ music အမျိုးအစား တွေကို ဖွင့်ကြည့် နိုင်ဖို့ ဖြစ်တယ်။
Web tie-in များ

Blog တစ်ခုကို ပြုလုပ်ထားမယ် ဆိုရင် တခြား site တွေပေါ်မှာလည်း personal data တွေကို ထိမ်းသိမ်း ထားလို့လည်း ရပါတယ်။ Flickr ပေါ်က ဓာတ်ပုံ တွေ ဖြစ်ဖြစ်၊ Facebook ပေါ်က page ကိုပဲဖြစ်ဖြစ် မိမိ blog ထဲမှ hightlight လုပ်ပြီး ပူးပေါင်း ဆောင်ရွက် ဖို့လည်း ဖြစ်နိုင် ပါတယ်။
Twitter widget ကမိမိရဲ့ နောက်ဆုံး tweet တွေကို ခင်းကျင်း ပြသ ထားမှာမို့ ဝင်ရောက် ကြည့်ရှု သူတွေကို post အသစ် တစ်ခုတော့ ဖန်တီးဖို့ တစာစာ ပူစာ ပေးနေနိုင်တယ်။ ဒါမှမဟုတ် concert တွေ၊ ဂိမ်းတွေနဲ့ လာမယ့် အပတ်တွေမှာ စိတ်ကြိုက် ပျော်မွေ့ စေမယ့် conrention တွေ၊ courtesy တွေကို သတင်းပေး ထားနိုင်မယ့် Widget တစ်ခု ထည့်ထား နိုင်ပါသေးတယ်။
မိမိရဲ့ social-networking site ပေါ်မှာ ဝင်ရောက် ကြည့်ရှု သူတွေ အနေနဲ့ တွေ့ မြင် နိုင်စေဖို့ profile နဲ့ အတူ တွဲလျက် ရှိစေမယ့် widget အတွင်း ချထား ပေးရတယ်။ LinkedIn အတွက် buttons အမျိုးမျိုးက မိမိ profile နဲ့ တွဲ ဆက်နေတယ်။ facebook ကို သုံးထားရင် widget တစ်ခု ထည့်ထား နိုင်တယ်။ ဓာတ်ပုံတွေ အတွက် static flickr badge က ပြီးခဲ့တဲ့ ၁၀ ပုံလောက် အထိ ရွေးချယ်ပြီး ခင်းပြပေး ထားတယ်။ Flash badge ကလည်း မိမိ collection လုပ်ထားတဲ့ မတူညီတဲ့ ဓာတ်ပုံတွေကို လှည့်ပတ် ပြနေမှာ ဖြစ်တယ်။
ပျော်ရွှင်ဖွယ်ရာ widget များ

Widgets တွေအနေနဲ့ information တွေကို ပံ့ပိုးဖို့ မလိုအပ်ပေ။ မိမိ site ပေါ်မှာ ဝဲလည် နေတဲ့ သူတွေကို နှစ်ထောင်း အားရ ရှိစေဖို့ အာရုံ အပြောင်းအလဲ တွေနဲ့ ဖြေဖျော် ဧည့်ခံ နိုင်ပါသေးတယ်။ Meebo widget က web ပေါ်မှာ အသုံးပြု သူတွေကို chat live ကို အသုံးပြု ခွင့်ပေးတယ်။ တကယ်လို့ ဒီလို chat တွေမှာ ဝင်မလာ နိုင်ရင်လည်း message တစ်ခုခု ထားသွား နိုင်တယ်။
အတိတ်ကို တသသ ဖြစ်နေ တတ်သူတွေ အတွက် Pac-Mac widgets က ဝင်ရောက် ကြည့်ရှုတဲ့ သူတွေကို မိမိ blog အတွက် လုပ်ပေး နိုင်တာ လေးတွေလည်း ရှိနေပါသေးတယ်။
အသစ်လေးတွေ ထည့်လို့ထား

Widget တွေကို ရှာဖွေဖို့ အကောင်းဆုံး နည်းလမ်းက surf လုပ်ယူ ရမှာပဲ ဖြစ်တယ်။ Blog တစ်ခုရဲ့ ဦးတည်ချက်ကတော့ တခြားသူတွေ နောက်တစ်ခေါက် ပြန်ဝင် လာစေနိုင်မယ့် content တွေ ရှိနေဖို့ပဲ ဖြစ်တယ်။ ဒါကြောင့်မို့ အသစ်အဆန်း လေးတွေ ထားပေး သင့်ပါတယ်။

--->>> Get from ။ ။ စာဖတ်သံ

ไม่มีความคิดเห็น:

แสดงความคิดเห็น