..:: မင်္ဂလာပါ လာရောက်လည်ပတ်ဖတ်သွားခဲ့သော မိဆွေများအထူးကျေးဇူးတင်ပါသည် ::.. ..:: အသစ်တွေထပ်မတင်ရသေးတဲ့အတွက် ၀မ်းနည်းမိပါတယ် နောက်ဆိုအချိန်ယူပြီး အသစ်တွေကိုတင်ဖြစ်အောင် တင်ပေးမယ်ဗျာ ::..

K.K.K ခေတ်ခမ်းကောင်

๒๒/๕/๕๒

Blog စည်းကမ်း (၁၀) ချက်

တကယ်တမ်းပြောရရင် blog တွေဟာ online ပေါ်က ဖျော်ဖြေရေး မီဒီယာတွေပါပဲ။ offline မှာ မဂ္ဂဇင်း၊ ဂျာနယ်၊ တီဗွီ၊ ဗီဒီယို၊ သီချင်း ဂီတတွေက လူနေမှုဘ၀ကို ပြည့်စုံစေသလို blog တွေဟာလည်း online ပေါ်က ဂျာနယ်တွေအဖြစ်နဲ့ netizen တွေကိုသာမက လေ့လာသူတွေကိုပါ ဖျော်ဖြေမှု ပေးပါတယ်။ blog တစ်ခုရဲ့ နည်းပညာ အနိမ့်အမြင့်၊ အဆင့်အတန်းအပေါ် မူတည်ပြီး အဲဒီ blog ကပေးအပ်တဲ့ ရသအမျိုးအစားနဲ့ ခံစားမှု အတက်အကျ ကွားခြားသွားတာပါ။ bloggers တွေ ရေးသားတဲ့ အကြောင်းအရာတွေဟာ မျိုးစုံရှိနေပါတယ်။ တချို့တွေက ကလေးတွေအတွက် ရည်ရွယ်ပြီးဟာသနဲ့ ကာတွန်းတွေ၊ တချို့တွေကတော့ ကျန်းမာရေးနဲ့ သတင်းတွေပါ။ အများဆုံးရေး သားတတ်ကြတာကတော့ နည်းပညာနဲ့ ပက်သက်တဲ့ သတင်းတွေ များပါတယ်။

အဲဒီလို ရေးသားနေတဲ့နေရာမှာ (ဆိုချင်တာက) ”Everyone” အတွက် ရည်ရွယ်ပြီး ရေးသားကြရတာမျိုးဆိုတော့ လူတိုင်းဟာ သင့် blog ကို ၀င်ကြည့်မှာ ပါပဲ။ အဲဒီအချိန်မှာ မလိုလားအပ် တဲ့ blogspam တွေ ဖြစ်မလာနိုင်အောင် ကိုယ့် blog ရဲ့ သတင်းတွေကို ၀င်ကြည့်မယ့် သူတွေအတွက်ရော၊ blog ရေးသားတဲ့လူတွေအတွက်ရော ကိုယ့်ရဲ့ blog မှာ ‘မဖော်ပြထာသင့်တဲ့’ စည်းကမ်း ၁၀ ချက်ရှိပါတယ်။

၁။ နာမည်အပြည့်အစုံ၊
၂။ သူငယ်ချင်း၊ သားသမီး၊ ကိုယ့်မိသားစုနဲ့ စီးပွားရေး လုပ်ကိုင်ဖက်တွေရဲ့ နာမည်အပြည့်အစုံ၊
၃။ ဘယ်မှာအလုပ်လုပ်သလဲ၊
၎။ ဘယ်မှာနေထိုင်သလဲ၊
၅။ တယ်လီဖုန်းနဲ့လက်ကိုင်ဖုန်း နံပါတ်တွေ၊
၆။ အရေးကြီးတဲ့အီးမေးလ်လိပ်စာ၊
၇။ အနာဂတ်လုပ်ငန်းစဉ်၊
၈။ ရုံးဌာနအတွင်းက ဓာတ်ပုံနဲ့ အချက်အလက်တွေ၊
၉။ ကားနဲ့ ကားလိုင်စင်နံပါတ်စသည်…..
၁၀။ ခရီးသွားလက်မှတ် (နိုင်ငံကူးလက်မှတ်ကဲ့သို့….)

ไม่มีความคิดเห็น:

แสดงความคิดเห็น